Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြိုမှ စစ်ကောင်စီ စစ်ကား ၁စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြစ်မဲ့ရွာသား အားလုံးကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်တွေမြိုမှ စစ်ကောင်စီ စစ်ကား ၁စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြစ်မဲ့ရွာသား အားလုံးကို စစ်ကောင်စီ ဖမ်းဆီးထား

AB News – ဇန်နဝါရီ ၁၁၊ ၂၀၂၄

စစ်တွေမြိုမှ စစ်ကောင်စီ စစ်ကား ၁စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနီးရှိ ကျေးရွာများမှ အပြစ်မဲ့ အမျိုးသားအားလုံးကို ဖမ်းဆီးသွားသည်ဟု AB News မှစုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၁၁ရက် နေ့လည် ၁၂ နာရီအချိန်ခန့်က စစ်တွေမြို ကံပြင်ရွာအဝင်ဝတွင် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီစစ်ကား ၁စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၄ဦးခန့် သေဆုံးခဲ့သည်ဟု သိရသည်။

ညနေ့ ၃နာရီ မိနစ် ၃၀အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်များသည် မခံမရပ်နိုင်ဖြစ်ကာ  စစ်တွေမြိုနယ်၊
ကံပြင်ရွာနှင့် သုံးဆောင်ရွာများမှ အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသားများအားလုံးကို လက်ကြိုးတုတ်ချည်ကာ ဖမ်းဆီးသွားသည်ဟု ဒေသခံ ၁ဦးကပြောသည်။

” ဒီနေ့ နေ့လည် ၁၂ နာရီခန့်က စစ်ကောင်စီကား ၁စီး ကမိုင်းဆွဲတိုက်ခိုက်ခံရတော့ စစ်ကောင်စီ ၄ဦး နီးပါးခန့် သေတယ်။ ၃နာရီခွဲလောက်မှာတော့ ကျန်တဲ့ စစ်ကောင်စီတပ်သားတွေက ရွာထဲကိုဝင်လာပြီး ရွာထဲမှာရှိတဲ့ ရွာသားတွေ အားလုံးကိုဖမ်းယူသွားပါတယ်” ဟုဆိုသည်။

ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲများသည် ကံပြင်ရွာနှင့် သုံးဆောင်ရွာမှ ဖမ်းဆီးသွားသော အပြစ်မဲ့အမျိုးသားများအား ကံပြင် ရွာဘုန်းတော်ကြီးကျောင်း၌ လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။

စစ်ရေးအရ ရှုးနိမ့်နေသော စစ်ကောင်စီတပ်များသည် စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများအား ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း များကိုပြုလုပ်လျှက်ရှိသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ရက် အရုဏ်အချိန်ခန့်ကလည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်များမှ ဘူးသီးတောင်မြိုမှ အရပ်သားပြည်သူ ၄ဦးအားလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ