Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်တော်သားများအနေနဲ့ လက်နက်အပ်၍ သော်လည်းကောင်း၊ အလင်းဝင်၍​သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ နိုးဆော်တိုက်တွန်း

စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်တော်သားများအနေနဲ့ လက်နက်အပ်၍ သော်လည်းကောင်း၊ အလင်းဝင်၍​သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ နိုးဆော်တိုက်တွန်း

AB News- ဟိန်းထွန်း

နိုဝင်ဘာ ၁ ရက်

၁၀၂၇ စစ်ဆင်ရေးတွင် အကျဆုံးများနေသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအနေနဲ့ လက်နက်အပ်၍ သော်လည်းကောင်း၊ အလင်းဝင်၍​သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်ကြရန် အောက်တိုဘာလ ၃၁ရက်နေ့ ၁၀ နာရီ ၂၃ မိနစ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ နိုးဆော်တိုက်တွန်းလိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် မိမိတို့အနေဖြင့် မိမိတို့၏ စစ်ဆင်ရေးရည်မှန်းချက်ပြည့်မြောက်အောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြန်မာ့တပ်မတော်သားများအနေဖြင့် မိမိတို့နှင့် ရင်ဆိုင်ထားသော စစ်စခန်းများမှနေ၍ မိမိတို့ထံသို့ လက်နက်အပ်၍သော်လည်းကောင်း၊ အလင်းဝင်ရောက်၍ သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးအပ်ကြောင်း ပြောထားသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများအား အသက်၊ အန္တရာယ်လုံခြုံရေးကို “အထူး” အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက် ရအောင် ဆောင်ရွက်ပေးမည်ဖြစ်ခြင်း၊ မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမှ မပြုလုပ်ခြင်း၊

မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံးပြန်လည် ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ခြင်း၊ လမ်းခရီးတွင်သွားလာရန်အတွက် လိုအပ်မည့် ခရီးစရိတ်များကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ ပေးသွားပါမည့်အပြင် မကျန်းမမာဖြစ်နေသောသူများကိုလည်း မိမိတို့တွင်ရှိသော ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်မှု များဖြင့် အတတ်နိုင်ဆုံး စောင့်ရှောက်ပေးသွားပါမည်ဟု အချက် ၅ ချက်ဖြင့်တိတိကျကျဖော်ပြထားကြောင်း တွေ့ရသည်။

အောက်တိုဘာလ ၂၇ နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ Operation 1027 ၁၀၂၇ စစ်ဆင်ရေးကို စတင်ဆင်နွှဲပြီးနောက် စစ်ဆင်ရေး (၅) ရက်တာ ကာလအတွင်း စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ်၊ စစ်ဖက်ဆိုင်ရာ တပ်စခန်းပေါင်း (၈၀) ကျော် အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်။ ဤစစ်ဆင်ရေး ရက်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြောက်အမြား သေဆုံး၊ ဒဏ်ရာရကာ စစ်လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင် အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိထားခဲ့ပြီဟု 3 – BHA ကဆိုသည်။

ထို့အပြင် တစ်ပြိုင်နက်တည်းတွင် မိမိတို့ ညီနောင်အဖွဲ့အစည်းများနှင့် တပ်ဖွဲ့ဝင်များထံသို့ နီးစပ်ရာမှ ဆက်သွယ်ပြီး လက်နက်အပ်ခဲ့ကြသောသူများရှိခဲ့သလို ယခုစစ်ဆင်ရေးကာလအတွင်း အသက်မသေလို၍ လက်နက်ချ အညံ့ခံကြသောသူများလည်းရှိခဲ့သည်။ ထို့အပြင် မိသားစု၊ ဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်းများ ထံမှတစ်ဆင့် မိမိတို့ထံ ဆက်သွယ်လာ၍ ၎င်းတို့လွတ်မြောက်ရန်အတွက် ကူညီဆောင်ရွက်ပေးပြီးနောက် လွတ်မြောက်သွားကြသည့်သူများလည်း အမြောက်အမြားရှိခဲ့​ကြောင်း ထုတ်ပြန်ချက်၌တွေ့ရသည်။

စစ်ကောင်စီလက်အောက်ခံတပ်များအား ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်ကြောင့်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ အင်အား (၅၀) ရှိသော တပ်စခန်း တစ်ခုလုံးကို မိမိတို့အနေဖြင့် (၂) နာရီအတွင်း ချေမှုန်း၍ ရနိုင်သော်လည်း အချိန်မီ အညံ့ခံခဲ့သောကြောင့် တစ်ယောက်မကျန် အသက်ချမ်းသာပေးပြီး ဘေးကင်းရာတွင် လုံခြုံစွာ နေရာချထားပေးခဲ့ပြီးဖြစ်သည်။ ယခု စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ မိမိတို့ထံတွင် စစ်ကောင်စီဘက်မှ အသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်ရောက်လာခဲ့သောသူပေါင်း (၁၀၀) ကျော် အထိရှိခဲ့ပြီဟု သိရသည်။

Operation ၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအား ရတောင့်ရခဲ့ ကြုံတောင့်ကြုံခဲအခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ဖက်ဆိုင်ရာ စခန်းများကို တပြိုင်နက်တည်းဝင် တိုက်ကြရန် ယနေ့ ၅ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်တွန်းထားကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်