သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတွင် စစ်​ကော်မရှင် ထော်သာစခန်းကို PDF သိမ်းပိုက်

AB News – သြဂုတ် ၁၉၊ ၂၀၂၅

ဒေဝီ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်ကော်မရှင် နှင့် ပျူစောထီးများ ပူးပေါင်း အခြေစိုက်ထားသည့် ထော်သာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်အကြာတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားများ၊ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် စစ်သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သို့သော် စခန်းသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကော်မရှင်က စခန်းကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေသောကြောင့် သြဂုတ်လ ၁၈ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ