Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စင်္ကာပူတွင် ဆေးခြောက် ၂ ကီလိုဂရမ် ရောင်းဝယ်မှုဖြင့် အမျိုးသား ၁ ဦးကို သေဒဏ်ပေး

စင်္ကာပူတွင် ဆေးခြောက် ၂ ကီလိုဂရမ် ရောင်းဝယ်မှုဖြင့် အမျိုးသား ၁ ဦးကို သေဒဏ်ပေး

ABN-နွယ်စိုး

စင်္ကပူနိုင်ငံတွင် ဆေးခြောက် ၂ ကီလိုဂရမ် ရောင်းဝယ်ဖောက်ကားရာ၌ ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ဧပြီ ၂၆ရက် ဗုဒ္ဓဟူးနေ့ က အမျိုးသား ၁ ဦးကို သေဒဏ်ပေးလိုက်ကြောင်း သိရသည်။

သေဒဏ်ပေးခံလိုက်ရသည့် အမျိုးသားမှာ အသက် ၄၆ နှစ် အရွယ် စင်္ကာပူနိုင်ငံသား တန်ဂါရာဂျူး ဆူပီးယား (Tangaraju Suppiah) ဖြစ်ပြီး ဖမ်းဆီးခံရချိန်၌ ဆေးခြောက်လက်ဝယ် တွေ့ရှိခဲ့ခြင်းမရှိခဲ့ပဲ သက်သေအထောက် အထား အားနည်းခဲ့ခြင်းကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မိသားစုဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနဲ့ ကုလသမဂ္ဂတို့ကတောင်းဆိုခဲ့သော်လည်း ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အရုဏ်တက်ချိန်တွင် ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။

စင်္ကာပူအစိုးရရှေ့နေများအနေနှင့် ဖုန်းနံပါတ်များကို သဲလွန်စလိုက်ပြီး ခြေရာခံချက်အရ ၄င်းသည် ဆေးခြောက်သယ်ယူပို့ဆောင်ရာတွင် ပါဝင်စီစဥ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

သို့သော်လည်း တန်ဂါရာဂျူးအနေဖြင့် ၄င်းသည် ၂၀၁၈ ခုနှစ်ကဖြစ်ခဲ့သည့် အမှုတွင် ဆက်နွယ်နေသည့် အခြားသူများနှင့် ဆက်သွယ်ပြောဆိုထားခြင်းမရှိခဲ့ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့သည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဆွေမျိုးများနှင် တက်ကြွလှုပ်ရှားသူများက စင်္ကာပူသမ္မတထံ အပြစ်ကလွှတ်ပေးရန် အသနားခံစာများ ပေးပို့ခဲ့ပြီး ၄င်း၏ တူနှင့် တူမဖြစ်သူများကလည်း ဗီဒီယို တခုပြုလုပ်ပြီး အသနားခံခဲ့ကြသည်။

ထိုအပြင် စင်္ကာပူနိုင်ငံဥပဒေအရ ဆေးခြောက် ၅၀၀ ဂရမ်အထက် ရောင်းဝယ်ဖောက်ကားလျှင် သေဒဏ်ကျခံရနိုင်ပြီး သို့သော်လည်း စင်္ကာပူ၏ သေဒဏ်၊ ပြစ်ဒဏ်အများစုသည် မူးယစ်ဆေးဝါးလုပ်ငန်း၏ အောက်ခြေပိုင်းသယ်ယူပို့ဆောင်သူများကို အပြစ်ပေးခြင်းများပြီး မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကို ရပ်တန့်ရန် မစွမ်းဆောင်နိုင်သေးဟု ဝေဖန်ထောက်ပြကြသူများလည်း ရှိကြသည်။

ထိုမူးယစ်ဆေးဝါးနှင့် ဆက်နွယ်နေသည့် ပြစ်မှုများကို သေဒဏ်စီရင်မှုအပေါ် တရားဝင် ဆိုင်းငံ့ထားဖို့ အင်္ဂါနေ့အစောပိုင်းက ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက စင်္ကာပူအစိုးရကို တောင်းဆိုခဲ့သည်။

မူးယစ်ဆေးပြစ်မှုများအတွက် သေဒဏ်ချမှတ်ခြင်းသည် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီသလို ထိရောက်မှုမရှိဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး သို့ေသာ်လည်း စင်္ကာပူအာဏာပိုင်များက မူးယစ်မှောင်ခိုများသည် သေဒဏ်ကျခံရမည့် အတိုင်းအတာပမာဏအောက် သယ်ဆောင်လာကြသည်ဆိုသော လေ့လာချက်များကို ကိုးကားပြီး သက်ရောက်မှုရှိသည်ဟု ပြန်လည် ချေပလေ့ရှိသည်။

စင်္ကာပူတွင် ပြီးခဲ့သည် ၂၀၂၂ကလည်း မူးယစ်ဆေးဝါးမှုနှင့် လူ ၁၁ ဦးကို ကွပ်မျက်ခဲ့သည်။

စင်္ကာပူနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ပေးထားပြီး မလေးရှားနိုင်ငံ၌လည်း ကြီးလေးသည့် ပြစ်မှုကြီးများကို မဖြစ်မနေသေဒဏ်ပေးမှု လုပ်ခြင်းမရှိတော့ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်