Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂျာမန်အမျိုးသား (၃) ဦးတွင် တစ်ဦးမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို လက်ခံကြကြောင်း စစ်တမ်း တစ်ခုက ဆို

ဂျာမန်အမျိုးသား (၃) ဦးတွင် တစ်ဦးမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို လက်ခံကြကြောင်း စစ်တမ်း တစ်ခုက ဆို

ABN – ဇွန်လ (၁၂) ရက်၊ ၂၀၂၃

ကျော်ဇံ – ဘာသာပြန်ဆိုသည်

ဂျာမန်အမျိုးသား ၃ ပုံ တစ်ပုံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်သည့် လုပ်ရပ်ကို လက်ခံစရာ ဟု ရှုမြင်ကြကြောင်း ကျား၊မ တန်းတူရေး လှုပ်ရှားဆောင်ရွက်သူများက တင်္နဂနွေနေ့တွင် ပြောကြားခဲ့သည်။

လေ့လာမှုစစ်တမ်း အသစ်တခုတွင် အသက် ၁၈-၃၅ အရွယ်ရှိ အမျိုးသားအုပ်စုမှ ၃၃ % မှာ အမျိုးသမီး ပါတနာနှင့် အငြင်းအခုံဖြစ်ချိန်အတွင်း တခါတရံ လက်ပါခြင်းမှာ လက်ခံဖွယ်ရာဖြစ်သည် ဟု ဆိုကြပြီး ကျန် ၃၄% မှာ အရင်က အမျိုးသမီးများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ဖူးသည် ဟု ဆိုကြသည်။

တနိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆောင်ရွက်သော ထိုလေ့လာမှုစစ်တမ်းတွင် အသက် ၁၈-၃၅ အရွယ် အမျိုးသား ၁၀၀၀ ဦးနှင့် အမျိုးသမီး ၁၀၀၀ ဦးကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ထို စစ်တမ်းကို Plan International Germany က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ဒီတွေ့ရှိချက်တွေဟာ အရမ်းကို ထိတ်လန့်စရာကောင်းပါတယ်” ဟု ကျား၊မ တန်းတူရေး ဆောင်ရွက်ပေးနေသည့် ဂျာမန်အဖွဲ့တစ်ခုဖြစ်သည့် Federal Forum Men မှ Karsten Kassner မှ ဆိုသည်။ “စစ်တမ်း ကောက်ယူခဲ့တဲ့ ယောက်ကျားတွေ အထဲက သုံးပုံတပုံဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကျူးလွန်ခဲ့တာ ဟာ အရမ်းကို ဆိုးရွားလွန်းပါတယ်၊ ဒီလိုကိစ္စမျိုးကို အရေးတကြီး ပြောင်းလဲဖို့ လိုပါတယ်” ဟု လေ့လာမှုစစ်တမ်း အပြည့်အစုံကို ဖော်ပြသည့် Funke သတင်းစာဌာနကို ဖြေကြားခဲ့သည်။

ဖက်ဒရယ် ရဲဌာန အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ဂျာမနီရှိ အမျိုးသမီး ၁၁၅,၀၀၀ ကျော်မှာ သူတို့ အဖော်မွန်(ပါတနာ)များ၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ကြသူများဖြစ်သည် ဟု ဆိုသည်။ ၄င်းပမာဏ မှာ တစ်နာရီတွင် အမျိုးသမီး ၁၃ ဦး အကြမ်းဖက်ခံနေရသည်နှင့် ညီမျှသည်။ ယင်းနှစ်အတွင်းပင် အမျိုးသမီး ၃၆၉ ဦးမှာ သူတို့၏ လက်ရှိ (သို့) ယခင် လက်တွဲဖော် တို့ထံတွင် သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။

ထို့အပြင် ၄င်းစစ်တမ်းတွင် ၅၂ ရာခိုင်နှုန်းသော အမျိုးသားများက သူတို့၏ ဆက်ဆံရေး (Relationship) တွင် သူတို့သည်သာ အခရာကျ၊ အဓိက ထောက်ပံ့ပေးနေသူများဖြစ်သည် ဟု ဆိုကြပြီး သူတို့၏ အဖော် (ပါတနာ) များမှာ အိမ်မှုကိစ္စများကိုသာ ဆောင်ရွက်သင့်သည် ဟု ဆိုကြသည်။

၄င်းအပြင် ဖြေဆိုသူများထဲမှ ၄၈ ရာခိုင်နှုန်းမှာ လိင်တူကြိုက်နှစ်သက်မှုကို လူမြင်ကွင်းတွင် မြင်ရခြင်းကို မကြိုက်ကြကြောင်း ထိုမြင်ကွင်းများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရကြောင်းလည်း ဖော်ထုတ်ပြောကြားခဲ့သည်။

“အစိုင်အလာ ကျား၊မ အခန်းကဏ္ဏတွေဟာ လူတွေရဲ့စိတ်မှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတုန်းပါပဲ” ဟု Plan International Germany ၏ ပြောရေးဆိုခွင့်ရှိသူ Alexandra Tschacher က the Funke newspaper group ကို ပြောကြားခဲ့သည်။

Ref – 1 in 3 German men find violence against women ‘acceptable’ according to survey by Plan International Germany

ထင်မြင်ယူဆချက်‌‌ပေးရန်