Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂျာမနီကို အနိုင်ယူပြီးနောက် ဂျပန်ပရိတ်သတ်များ အားကစားကွင်းကို သန့်ရှင်းရေးဆက်လုပ်

ဂျာမနီအပေါ် အနိုင်ယူလိုက်နိုင်သောကြောင့် ဂျပန်လူမျိုးတို့မှာ ညနေဖက် ပျော်ပွဲရွှင်ပွဲများကို ကျင်းပ၍ရသည်။ သို့သော် ဂျပန်ပရိတ်သတ်များမှာမူ သူတို့၏ အရိုးစွဲအောင် လေ့ကျင့်ထားသော အလေ့အထများနှင့် အကောင်းဆုံးအမူအကျင့်များကို ပြသခဲ့ကြသည်။

များသောအားဖြင့် ပွဲပြီးသွားသည့်အခါ အစားအသောက်ဗန်းများ၊ အိတ်ခွံများနှင့် အချိုရည်ခွက်ခွံများကို အခြားလူများကောက်ရန် ထားခဲ့ကြသည်က များသည်။ သို့သော် Samurai Blue (ဆာမူရိုင်း) များ မြို့ထဲတွင် ရှိနေလျင် ထိုသို့ဖြစ်မည်မဟုတ်ချေ။

ကမ္ဘာ့ဖလားဘောလုံးပွဲတွင် လေးနှစ်အနိုင်ရခဲ့သည့် လေးထပ်ကွင်းချန်ပီယံဂျာမနီအသင်းကို ဂျပန်အသင်းမှ အနိုင်ယူပြီးနောက် ကာတာ ကာလီဖာနိုင်ငံတကာ အားကစားခန်းမမှ တခြားပရိတ်သတ်များ ထွက်ခွာသွားကြသော်လည်း ဂျပန်ပရိတ်သတ်များမှာ သန့်ရှင်းရေးလုပ်ရန် ကျန်နေခဲ့ကြသည်။

အနီးစပ်ဆုံးဥပမာတစ်ခုကို ပြရမည်ဆိုလျင် လွန်ခဲ့သည့် ၄ နှစ်က ကျင်းပခဲ့သော ရုရှားကမ္ဘာ့ဖလားပွဲတွင် ၁၆ သင်းယှဉ်ပြိုင်ရာ ဘယ်လ်ဂျီယံအသင်းကို ၃ဂိုး ၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဂျပန်ပရိတ်သတ်များမှာ ယခုလိုလုပ်ဆောင်မှုမျိုးကို ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့က ယှဉ်ပြိုင်သည့် ကာတာ – အီကွေဒေါ ပြိုင်ပွဲအပြီးတွင် ဂျပန်ပရိတ်သတ်များသည် သူတို့အသင်း ယှဉ်ပြိုင်သည့်နေ့ မဟုတ်သော်လည်း အားကစားခန်းမကို သန့်ရှင်းရေး လုပ်ခဲ့ကြသည်။

“ဂျပန်တွင် သန့်ရှင်းမှုသည် ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည့်အပြင် ငယ်စဥ်ကတည်းကပင် ထိုသို့သော အပြုအမူများကို လေ့ကျင့်ပေးထားကြသည်”

၂၀၁၈ ခုနှစ်တွင် အိုစကာတက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခ စကော့ထ် နော့သ်က သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ခြင်းသည့် ဂျပန်လူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ ဘဝနေထိုင်မှုနည်းလမ်းဖြစ်ကြောင်း ဘီဘီစီကို ပြောခဲ့သည်။

“ကစားပွဲပြီးလို့ သန့်ရှင်းရေးလုပ်တာက ဂျပန်လူမျိုးတွေရဲ့ ကလေးဘဝကတည်းကပင် ကျောင်းမှာသင်ခဲ့ရတာဖြစ်တယ်၊ အထူးသဖြင့် သူတို့ရဲ့ စာသင်ခန်းတွေ၊ ကျောင်းဝန်းတွေကို သန့်ရှင်းရေးလုပ်တာက စတာပေါ့” ဟု ၎င်းကဆိုခဲ့သည်။

ဂျပန်သည် လာမည့်တနင်္ဂနွေနေ့တွင် ကော်စတာရီကာ (E) အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် စပိန်အသင်းနှင့် ကစားရမည်ဖြစ်သည်။

ဂျပန်သည် နောက်ဆုံး ဖလားမရရင်တောင်မှ သူတို့၏ပရိတ်သတ်များမှာ ယခင်ကတည်းက အောင်နိုင်သူများ ဖြစ်နှင့်နေကြလေပြီ။

ထင်မြင်ယူဆချက်‌‌ပေးရန်