Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂျပန်ဝန်ကြီးချုပ်ပြန်ပြီး နာရီပိုင်းအကြာတွင် ယူကရိန်းကို ရုရှားဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ဂျပန်ဝန်ကြီးချုပ်ပြန်ပြီး နာရီပိုင်းအကြာတွင် ယူကရိန်းကို ရုရှားဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ABN-နွယ်စိုး

ယူကရိန်းတွင် ဂျန်ပန်ဝန်ကြီးချုပ် Fumio Kishida သည် အင်္ဂါနေ့ ညသံခေါင်းယံအချိန်တွင် kyiv မှ ထွက်ခွာပြီး နာရီပိုင်းအကြာတွင် ရုရှားက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံးလူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။

ဝန်ကြီးချုပ် Fumio Kishida သည် ယနေ့ နံနက်ပိုင်းတွင် ပိုလန်သို့ရောက်ရှိခဲ့ပြီး ဂျန်ပန်ကျိုဒိုသတင်းအရ သိရပြီး ကြာသပတေးနေ့မှာ ဂျန်ပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထို့အပြင် ဂျန်ပန်ဝန်ကြီးချုပ် Fumion Kishida ပြန်ပြီး နာရီပိုင်းအကြာမှာ ယူကရိန်းနိုင်ငံ မြောက်ပိုင်း kyiv ပြည်နယ်တွင် ညတွင်းချင်း ‌ရုရှားက ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းတစ်ကျောင်းနှင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့၍ ၂ ဦးဒဏ်ရာရပြီး ၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် အပျက်အစီးများအောက်တွင် လူ ၄ ဦးလောက် ပိတ်မိပြီး ရှိနေနိုင်တယ်ဟု ယူကရိန်း ပြည်နယ် အရေးပေါ်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လာမည့် မေလအတွင်း စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ထိပ်သီးအစည်းအဝေးတွင် ဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်သည့် Kishida သည် ယူကရိန်းနိုင်ငံသို့ ကြိုတင်ကြေညာထားခြင်းမရှိပဲ အလည်အပတ်သွားရောက်ခဲ့ပြီး သမ္မတ Volodymyr Zelensky နှင့်တွေ့ဆုံကာ ရုရှား၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် Bucha မြို့တွင် သေဆုံးခဲ့ရသူများကို သွားရောက်ပြီး ဂုဏ်ပြုသောအားဖြင့် ဂါရဝ ပြုခဲ့သည်။

ယူကရိန်းနိုင်ငံမှ ကလေး ထောင်ပေါင်းများစွာကို ပြန်ပေးဆွဲခြင်းနှင့် ပါဝင်ပတ်သက်သည်ဟု နိုင်ငံတကာ ရာဇဝတ်တရားရုံးက ရုရှားသမ္မတကို ဝရမ်းထုတ်ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ရုရှားနိုင်ငံသို့ အလည်သွားရောက်ခြင်းသည် ရုရှား သမ္မတ ဗလာဒီမာပူတင်အား နိုင်ငံရေးအရ အားကောင်းလာစေခဲ့သည်ဟု သိရသည်။

ထို့အပြင် ဝန်ကြီးချုပ် Kishidaက ရုရှားနိုင်ငံ၏ စစ်ကျူးကျော်မှုသည် နိုင်ငံတကာတရားဥပဒေစိုးမိုးရေး အုတ်မြစ်များကို ‌ပျက်ပြားစေသည့် အရှက်ကွဲမှုဟု ပြောကြားခဲ့ပြီး သာယာလှပသော ယူကရိန်းမြေများ ငြိမ်းချမ်းသွားသည်အထိ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပို့ပေးသွားမည် ဟု ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ