သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂျပန်နိုင်ငံတွင် ဖျက်အားပြင်း ငလျင်တိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၃၀ဦးထက်မနည်း သေဆုံး

AB News – ဇန်နဝါရီ ၂၊ ၂၀၂၄

ဂျပန်နိုင်ငံတွင် ဖျက်အားပြင်းသည့်ငလျင်တိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့တွင် အရပ်သားပြည်သူ ၃၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့တွင် ဂျပန်နိုင်ငံအတွင်း အင်အားပြင်းငလျင်တိုက်ခိုက်ခဲ့ပြီးနောက် အရပ်သားပြည်သူ ၃၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂ရက်နေ့တွင် ကူညီကယ်ဆယ်ရေးအဖွဲ့များသည်ပြိုပျက်နေသည့်အဆောက်အဦးများကဲ့သို့ သီးခြားနေရာများ၊ ပျက်စီးသွားသည့် လမ်းများနှင့် လျှပ်စစ်မီးပြတ်တောက်နေသည့် အိမ်ခြေထောင်ပေါင်းများသို့ ရောက်ရှိရန် ကြိုးစားနေကြသည်။

ယမန်နေ့ နေ့လည်အချိန်တွင် ပြင်းအား ၇ဒသမ ၆အဆင့်ရှိ ငလျင်တိုက်ခိုက်ခဲ့ပြီး ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကို တိုက်ခိုက်ခဲ့ကာ ဒေသခံပြည်သူများမှာ ကုန်းမြင့်ပေါ်သို့ ရှောင်တိမ်းခဲ့ရပြီး လူနေအိမ်အချို့နှင့် ကားများစွာကို ပင်လယ်ထဲသို့ တွန်းထုတ်ခဲ့သည်။

နိုင်ငံတစ်ဝှမ်းမှ ထောင်နှင့်ချီသော စစ်ဘက်ဝန်ထမ်းများ၊ မီးသတ်သမားများ၊ ရဲအရာရှိများကို Ishikawa ဒေသ NOTO ကျွန်းဆွယ်ရှိ အဆိုးဝါးဆုံးထိခိုက်ခံခဲ့ရသည့်ဒေသများသို့ စေလွှတ်ထားသည်။

သို့သော်လည်း ကူညီဆယ်ရေးသမားများကို ဆိုးဝါးစွာပျက်စီးနေသည့် လမ်းများက အဟန့်အတားဖြစ်နေပြီး အပျက်အစီးပမာဏ သတ်မှတ်ရန် ဂျပန် အာဏာပိုင်များက ပြောသည်။

ရထားပြေးဆွဲမှု၊ ကူးတိုးများနှင် လေယာဥ်ခရီးစဥ်များကို ရပ်တန့်ထားရပြီး NOTO လေဆိပ်၏ ပြေးလမ်း၊ ဂိတ်နှင့် ဝင်လမ်းများ ပျက်စီးခဲ့သောကြောင့်

ယာဥ်ရပ်နားရာနေရာ၌ ကားများပေါ်တွင် လူ ၅၀၀ခန့် သောင်တင်နေကြောင်း NHK ရုပ်သံဌာနက ကြေငြာခဲ့သည်။

“ငလျင်တိုက်ခိုက်မှုကြောင့် ထိခိုက်သူတွေကို ရှာဖွေကယ်ဆယ်ရေးဟာ အချိန်နဲ့ ဆန့်ကျင်ဘက်ပါပဲ” ဟု

အင်္ဂါနေ့တွင် ကျင်းပသည့် အရေးပေါ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အစည်အဝေးတွင် Fumio Kishidaက ပြောကြားသည်။

ပျက်စီးနေသည့် လမ်းများကြောင့် ကယ်ဆယ်ရေးသမားများသည် NOTO ကျွန်းဆွယ်၏ မြောက်ဘက်စွန်းသို့ ရောက်ရန်ခက်ခဲနေကြောင်းနှင့် ရဟတ်ယာဥ် စစ်တမ်းများအရ ​မီးလောင်ကျွမ်းမှုအပါအဝင် အဆောက်အဦးများနှင့် အခြေခံအဆောက်အအုံး အများအပြား ပျက်စီးနေသည်ကို တွေ့ရှိခဲ့ကြောင်း Kishida က ပြောကြားသည်။

ငလျင်ဗဟိုချက်အနီးရှိ အပြင်းထန်ဆုံးတိုက်ခိုက်ခံခဲ့ရသည့် Wajima မြို့၌ သေဆုံးသူ ၃၀ဦးရှိကြောင်း

Ishikawa အာဏာပိုင်များက ပြောကြားသည်။

မီးသတ်သမားများသည် မြို့အများအပြားတွင် မီးငြိမ်းသတ်နေကြပြီး ပျက်စီးနေသော အဆောက်အဦးအတွင်း ပိတ်မိနေသူများကို လွတ်မြောက်ရန်ကြိုးပမ်းနေသည်ဟု ဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီက ပြောသည်။

ဂျပန်မိုးလေဝသ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ တနင်္လာနေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်သည် အကြိမ် ၁၄၀ကျော် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

လာမည့်ရက်ပိုင်းအတွင်း ပိုမိုပြင်းထန်သည့် ငလျင်မှုများ ရှိလာနိုင်ကြောင်း အေဂျင်စီက သတိပေးထားသည်။

Source-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ