
AB News ဇွန် ၁ ၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန် နှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ ၁.ဝ၆၃ ဘီလီယံ ပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် Muhammad Yunus မှ ပြောကြားကြောင်း Ruters သတင်းဌာနတွင် ဖော်ပြထားသည်။
မိုဟာမက် ယူနွတ်သည် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်စဥ် ဂျပန်နိုင်ငံမှ ဘတ်ဂျက်ငွေအကူအညီအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် မီးရထားလမ်း အဆင့်မြှင့်တင်ရေးနှင့် ပညာရေးအတွက် ဒေါ်လာ ၁.၀၆၃ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင့် မေလ ၃၀ ရက်နေ့တွင် Yunus က ဆို သည်။
မေလအတွင်းက ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် Muhammad Yunus အား ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shigeru Ishiba နှင့် တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
အဆိုပါ အစီအစဉ်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေးတို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖွံ့ဖြိုးရေးမူဝါဒချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၄၁၈ သန်း ပါဝင်ကြောင်း Yunus သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နောက်ထပ် ဒေါ်လာ ၆၄၁ သန်းကို မီးရထားလမ်း အဆင့်မြှင့်တင်ရန် အသုံးပြုမည်ဖြစ်ကာ ထပ်ပြီး ဂျပန်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ် ကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ ၄.၂ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Yunus မှ ဆိုထားသည်။