
ABN-နွယ်စိုး
ဂျန်ပန်ဝန်ကြီးချုပ် Fumio Kishida သည် အင်္ဂါနေ့က ကြိုတင်ကြေညာထားခြင်းမရှိပဲ ယူကရိန်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရုရှား နှင့် တရုတ် သမ္မတ တို့၏ ဆွေးနွေးမှုများကို အနီးကပ်စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့သည်။
လာမည့် မေလအတွင်း စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ထိပ်သီးအစည်းအဝေးတွင် ဥက္ကဌအဖြစ် တာဝန်ယူသွားမည့် ဂျန်ပန်ဝန်ကြီးချုပ် Fumio Kishidaသည် တရုတ်သမ္မတ ရှီကျင့်ဖျင် ရုရှားနိုင်ငံသို့ ရောက်ရှိချိန်မှာပင် ကြိုတင်ကြေညာထားခြင်းမရှိပဲ ယူကရိန်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးချုပ် Fumio Kishidaသည် သမ္မတ Volodymyr Zelenskyy နှင့်တွေ့ဆုံခဲ့၍ Bucha မြို့၌ စစ်ပွဲဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများကိုပါလည်း သွားရောက် ဂါရဝပြုခဲ့ ကြောင်း သိရသည်။

‘’ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံထဲက ထိခိုက်ပျက်စီးမှုတွေကို ကျနော်သွားကြည့်ပြီး သမ္မတ Zelenskyyနဲ့ အမြင်ချင်းဖလှယ်ခဲ့တယ်လို့’’ ၄င်းက ဆိုသည်။
ယူကရိန်းအရေးနှင့် ပတ်သက်ပြီး တရုတ်က ထိပ်တန်းခေါင်းဆောင်များနှင့် အခိုင်အမာ ဆက်သွယ်ပြောဆိုဖို့ ဆန္ဒရှိပါတယ်’’ လို့ ယူကရိန်းသမ္မတ နှင့် ပူတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် Fumio Kishida က အင်္ဂါနေ့မှာ ပြောကြားခဲ့သည်။
