Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂါဇာမြို့ရှိ ဆေးရုံ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ပွားပြီးနောက် အစ္စရေးသို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ရောက်ရှိ

ABN-နွယ်စိုး

အောက်တိုဘာ ၁၈ ရက်

ယမန်နေ့ အင်္ဂါနေ့ ညနေပိုင်းက ဂါဇာမြို့ရှိ Ahli Arab ဆေးရုံ ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တင်းမာမှုများ မြင့်တက်နေစဥ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အစ္စရေးနိုင်ငံကို ယနေ့တွင် ရောက်ရှိသွားပြီဖြစ်သည်။

အမေရိကန်နှင့် ကာလကြာရှည် မဟာမိတ်အဖြစ် လက်တွဲလာသည့် အစ္စရေးကို အားပေးကြောင်း ပြသသည့် ခရီးစဉ်အတွင်း အစ္စရေးခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်သော်လည်း ဂျော်ဒန်နိုင်ငံမှာ အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အစီအစဉ်နှင့်ပတ်သက်၍ ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုကြောင့် ပျက်သွားခဲ့သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်အနေဖြင့် ဆေးရုံပေါက်ကွဲမှုအတွက် ဝမ်းနည်း ဒေါသထွက်မိကြောင်း အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကို ပြောဆိုခဲ့သည်။

ဆေးရုံတိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးနှင့်ဟားမတ်စ်အပြန်အလှန် အပြစ်ဖို့နေကြပြီး ဒေသတွင်းမှာ ဆန္ဒပြပွဲများလည်း ဖြစ်ပွားနေသည်။

ဂါဇာမှာရှိသည့် Ahli Arab ဆေးရုံ ပေါက်ကွဲမှုအတွက် ဟားမတ်စ်စစ်သွေးကြွများက အစ္စရေးကို လူသားထုအပေါ် ရာဇဝတ်မှု ကျုးလွန်သူ ဖက်ဆစ်အကြမ်းဖက် အစိုးရအဖြစ် သုံးနှုန်းပြီး အပြစ်ဖို့ခဲ့သည်။

ဒုက္ခသည်အများစု အပါအဝင် လူနာများ၊ ကလေးများနှင့် အမျိုးသမီး ရာနှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါလက်စတိုင်း အာဏာပိုင်များအနေဖြင့် လူ ၅၀၀ လောက် သေဆုံးကြောင်း ပြောဆိုထားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဆေးရုံပေါက်ကွဲမှုသည် ၄င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆန်ထားပြီး ပါလက်စတိုင်း အစ္စလာမ်ဂျီဟတ် အဖွဲ့၏ ရော့ကတ်တခု ပစ်မှတ်နှင့်လွဲချော်ပြီး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

အစ္စလာမ်ဂျီဟတ် စစ်သွေးကြွအဖွဲ့များကလည်း ထိုစွပ်စွဲချက်ကို ငြင်းဆန်ထားသည်။

Ref-AP News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ