Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂါဇာကမ်းမြောင်ဒေသတွင် ၂၄ နာရီအတွင်း လူ၂၀၀ နီးပါးခန့် သေဆုံးပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲပြင်းထန်နေ

AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၃

ဂါဇာကမ်းမြောင်ဒေသတွင် ၂၄ နာရီအတွင်း လူ၂၀၀ နီးပါးခန့် သေဆုံးပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်၊ သောကြာနေ့တွင် ဟားမတ်စ်တပ်ဖွဲ့ကို နှိမ်နင်းသည့် အစ္စရေး၏ စစ်ဆင်ရေး ၂၄နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသမှ Khan Younis ဒေသကို အစ္စရေးတင့်ကားနှင့် လေကြောင်းမှ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဂါဇာဒေသခံ ၂၀၀ နီပါးခန့် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဂါဇာအလယ်ပိုင်းရှိ Nuseirat စခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဆေးဖက်ဆိုင်ရာများနှင့် ပါလက်စတိုင်း သတင်းထောက်များ၏ ပြောကြားချက်အရ သိရှိရသည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ အစောပိုင်းတွင် သိမ်းပိုက်ထားနိုင်ခဲ့သည့် အရေးပါသော တောင်ပိုင်းမြို့များသို့ ထပ်မံတိုးချဲ့ရန် မျှော်လင့်ချက်တွက် ပြင်ဆင်မှုအဖြစ် Khan Younis ဒေသကို

ဖိအားပေးတိုက်ခိုက်လျှက်ရှိသည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဟားမတ်စ်တို့၏ ကွပ်ကဲရေးစင်တာများနှင့် လက်နက်တိုက်များသို့ ရောက်ရှိနေကြောင်း ကာကွယ်ရေးဝန်ကြီးချုပ် Yoav Gallantက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသမှ Yahya Sinwarမြို့ရှိ ဟားမတ်စ် ခေါင်းဆောင်၏ အိမ်များအနက် နေအိမ် ၁လုံး၏ ဥမင်လိုဏ်ခေါင် ၁ခုအား အစ္စရေးစစ်တပ်မှ ဖျက်စီးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

ဟားမတ်စ်တို့သည် အစ္စရေးနိုင်ငံရှိ မြို့များကို စီးနင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၁၂၀၀ သေဆုံးကာ ဓားစာခံ ၂၄၀ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ၁၂ပတ်အကြာတွင် အစ္စရေးတပ်ဖွဲ့များသည် အစ္စလာမ္မစ်အုပ်စုအား အမြစ်ပြတ်ချေမှုန်းရန် ဂါဇာကမ်းမြောင်ဒေသတွင် တပ်ဖြန့်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ၂.၃သန်းသည် အနည်းဆုံးတစ်ကြိမ်အထိ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုမှာ ယာယီတဲနှင့် ပွင့်လင်းမြေပြင်တွင် တာပေါ်လင်နှင့် ပလပ်စတစ်အမိုးအောက်တွင် စုပြုံပြီး နေကြရသည်။

ကျဥ်းမြောင်းလှသည့် ဂါဇာကမ်းမြောင်ဒေသသည် ကီလိုမီတာ ၄၀ (၂၅ မိုင်)သာ ရှည်လျားပြီး လူဦးရေအထူထပ်ဆုံးနေရာများထဲမှ ၁ခု အပါအဝင်ပင် ဖြစ်သည်။

ယမန်နေ့ ၂၄နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၈၇ဦး သေဆုံးခဲ့ပြီး ဂါဇာလူဦးရေ၏ ၁ရာခိုင်နှုန်းခန့်ရှိသည့် စုစုပေါင်းသေဆုံးသူ ၂၁,၅၀၇ ဦးအထိ တိုးလာကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ထောင်ပေါင်းများစွာသော လူသေအလောင်းများကို လူနေရပ်ကွက်ရှိ အပျက်အစီးများတွင် မြုပ်နှံလာမည်ကို စိုးရိမ်နေကြသည်။

Source- Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ