Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂရိနိုင်ငံတွင် ရထား ၂ စီး ခေါင်းချင်းတိုက်မိပြီး လူ ၃၂ ဦးသေဆုံးကာ ၈၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ

ဂရိနိုင်ငံတွင် ရထား ၂ စီး ခေါင်းချင်းတိုက်မိပြီး လူ ၃၂ ဦးသေဆုံးကာ ၈၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ

ABN-မေအိအိအောင်/နွယ်စိုး

ဂရိနိုင်ငံမြောက်ပိုင်းတွင် ခရီးသည်တင်ရထားတစ်စီးနှင့် ကုန်တင်ရထားတစ်စီးတို့ ခေါင်းချင်းတိုက်မိ၍ လူ ၃၂ဦး သေဆုံးကာ ၈၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂရိမီးသတ်ဌာနမှ တာဝန်ရှိသူများက ယနေ့ မတ်လ ၁ ရက်နေ့မှာ ပြောကြားခဲ့သည်။

ဂရိအလယ်ပိုင်းရှိ လာရစ္စာမြို့အနီးနားမှာ အင်္ဂါနေ့ ညနေပိုင်း၊ သန်းခေါင်းရောက်ခါနီး အချိန်မှာ ခရီးသည် ၃၅၀ ကျော် တင်ဆောင်လာသော ရထားတစ်စီးနဲ့ ကုန်တင်ရထားတစ်စီးတို့မှာ ပြင်းပြင်းထန်ထန် ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြောင်း ဂရိမီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗာတာကကိုရားနစ်က ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ပွားသော နေရာတွင် မီးသတ်သမား ၁၅၀ ကျော်သည် မီးသတ်ကား ၁၇ စီးနဲ့ လူနာတင်ကား အစီး ၂၀ တို့ဖြင့် ကယ်ဆယ်ရေးတာဝန်များကို လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် ခရီးသည် တင်ဆောင်လာသော ရထားမှာ အေသင်မြို့မှ တယ်ဆာ‌လောနီကီမြို့သို့သွားသည့်ရထားဖြစ်ပြီး ထိုတိုက်မိခြင်းနဲ့ပတ်သက်လို့ သေဆုံးသူဦးရေမှာ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိ သူ တစ်ဦးက ဂရိတီဗွီ သို့ ပြောကြားထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ