Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂစ်တာဘုရင် ဂျက်ဖ်ဘက်ခ် ကွယ်လွန်

ABN – သူရမောင်

ကမ္ဘာ့ပြိုင်စံရှား ဂစ်တာကျွမ်းကျင်ပညာရှင်တစ်ဦးလည်းဖြစ်သူ၊ ဂစ်တာဘုရင်ဟုလည်း တင်စားခံခဲ့ရသည့် ဂျက်ဖ်ဘက်ခ်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း APသတင်းတွင် ဖော်ပြထားခဲ့သည်။

ဘက်ခ်မှာ ဘက်တီးရီးယား ဦးနှောက်အမြှေးရောင် ရောဂါ ဝင်ရောက်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သူ့ဝိုင်းတော်သားများက ပြောသည်။

“ဂျက်ဖ်က တကယ့်ကို တော်တဲ့သူပါ၊ တကယ်လည်း ထူးချွန်ပါတယ်၊ ပြီးတော့ ပါရမီရှိတဲ့ ဂစ်တာသမားတစ်ယောက်လည်းဖြစ်ပါတယ်၊ နောက်ထပ် ဂျက်ဖ်ဘက်ခ်ဆိုတာ မရှိတော့ပါဘူး” ဟု ဂစ်တာပညာရှင်တစ်ဦးဖြစ်သည့် တိုနီအိုမီက တွယ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

ဂျက်ဖ်ဘက်ခ်မှာ blues၊ jazzနှင့် rock ‘n’ roll ဂီတတို့ကို နယ်နိမိတ်သတ်မှတ်ခဲ့သူတစ်ဦးဖြစ်ပြီး ဂစ်တာလောကတစ်ခုလုံးတွင် အလွှမ်းမိုးနိုင်ဆုံးသူတစ်ဦးလည်း ဖြစ်ခဲ့သည်။

ဂျက်ဖ်ဘက်ခ်ကို ဇူလိုင်လ ၂၄ ရက် ၁၉၄၄ ခုနှစ်တွင် ဖခင် အင်ဒရူးနှင့် မိခင် အီသဲလ်ဘက်ခ်တိုမှ လန်ဒန်မြို့ ဝေလန်တွမ်တွင် မွေးဖွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ်တွင် ချားချ်ကျောင်းတော် ဂီတဝိုင်းများတွင် သီချင်းများ တီးခတ်သီဆိုခဲ့သည်။

ဂစ်တာဘုရင် ဂျက်ဖ်မှာ အင်္ဂလန်နိုင်ငံ ဆူရီမြို့မှ သူ့စံအိမ်အနီးရှိ ဆေးရုံတွင် ဇန်နဝါရီလ ၁၀ ရက် ၂၀၂၃ ခုနှစ် သူ့အသက် ၇၈ နှစ်တွင် ဘက်တီးရီယား ဦးနှောက်အမြှေးရောင် ရောဂါကြောင့် သေဆုံးသွားခဲ့ရသည်။

ဂစ်တာဘုရင် ဂျက်ဖ်ဘက်ခ် ကွယ်လွန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ