Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကွန်ဂိုတွင် ရေကြီး၍ မြေပြိုမှုကြောင့် သေဆုံးသူ ၄၀၁ ယောက်ရှိလာ

ကွန်ဂိုတွင် ရေကြီး၍ မြေပြိုမှုကြောင့် သေဆုံးသူ ၄၀၁ ယောက်ရှိလာ

ABN-ရှိုင်းမိုး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဧပြီလ ကုန်ပိုင်းမှစ၍ မေလ ၈ရက်နေ့ထိ ရေကြီး၍မြေပြိုသောကြောင့် သေဆုံးသူ ၄၀၀ ကျော်ထိရှိလာကြောင်း သိရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ South Kivu ပြည်နယ်တွင် ပြီးခဲ့သည့်အပတ်ကစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၍ မြေပြိုမှုများဖြစ်ပွားနေသည်။

အဆိုပါ ရေကြီး၊ မြေပြိုမှုကြောင့်သေဆုံးသူ ၄၀၁ ယောက်အထိရှိလာပြီး၊ ထိုပြည်နယ်ထဲမှ ပြည်သူအများအပြားကိုလည်း လေးလွတ်ရာသို့ ပြောင်းရွှေ့ထားကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုရေကြီးမြေပြိုမှုကြောင့် လူအများသေဆုံးသည့်အပြင် အဆောက်အဦးအများအပြားလည်း ပျက်စီးခဲ့ရသည်။

ကွန်ဂိုသမ္မတ Felix Tshisekedi က ရေဘေးဒုက္ခသည်များအတွက် ဝမ်းနည်းကြေကွဲရကြောင်း မေလ ၈ ရက်နေ့က ကြေညာထားပြီး ဒေသဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ကူညီဆောင်ရွက်ရန် အမျိုးသားအစိုးရ ကိုယ်စား လှယ်အဖွဲ့ ကပို့ဆောင်ထားကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ကွန်ဂိုနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၁၂၀ ထက်မနည်း သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ