Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျားဖြန် အွန်လိုင်းငွေလိမ်လုပ်ငန်းကို လုပ်ကိုင်နေသည့် တရုတ်လူမျိုးများ ထွက်ပြေး

ကျားဖြန် အွန်လိုင်းငွေလိမ်လုပ်ငန်းကို လုပ်ကိုင်နေသည့် တရုတ်လူမျိုးများ ထွက်ပြေး

( စစ်ကောင်စီလက်အောက်ခံတပ်က တန့်ယန်းမြို့ထဲသို့ ခေါ်ယူ၍ နေရာချထား )

AB News – နိုဝင်ဘာ ၁ ရက်

ရှမ်းမြောက်ဒေသ ဝပြည်တွင်းမှာ ကျားဖြန် အွန်လိုင်းငွေလိမ် လုပ်ငန်းလုပ်ကိုင်သော တရုတ်လူမျိုးများ ထွက်ပြေးနေရပြီး စစ်ကောင်စီလက်အောက်ခံ မန်ပန် ​တပ်များက ၎င်းတို့စခန်းရှိရာ တန့်ယန်းမြို့ထဲသို့ ခေါ်ယူ၍ နေရာချပေးထားကြောင်း သိရသည်။

တရုတ်လူမျိုးများသည် ဝပြည် မန်တွန်းလမ်း မှနေပြီး ဆိုင်းလျန်ဖောင်ဆိပ် ကိုဖြတ်ကာ သံလွင်မြစ်အနားသို့ထွက်ပြေးလာပြီး စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်များက စစ်ကားများဖြင့် တင်ယူပြီး လုံခြုံသည့်နေရာ ပုန်းဝှက်ထားသည်ဟု သတင်းရင်းမြစ်တစ်ခုမှ သိရသည်။

၎င်းတို့သည် အွန်လိုင်းလိမ်လည်ကစားရန် ဝဒေသအတွင်းသို့ ဝင်လာကြပြီး ဒေသတွင်းတပ်များက လိုက်လံဖမ်းဆီးနေသည့်အတွက် တရားမဝင်လမ်းများက ထွက်ပြေးနေကြရကြောင်း သိရသည်။

ထွက်ပြေးလာသည့် သူများကို စစ်ကောင်စီတပ်များက ၎င်းတို့စခန်းများသို့ ခေါ်ယူထားပြီး အိပ်ကုတင်၊ အဆောင်နှင့် စားနပ်ရိက္ခါများပေးအပ်နေကြောင်း ​ဒေသတွင်း မီဒီယာများကဖော်ပြသည်။

အောက်တိုဘာလအတွင်းကလည်း ကျားဖြန် အွန်လိုင်းငွေလိမ် လောင်းကစားကို လုပ်ကိုင်နေသည့် တရုတ်လူမျိုး ၁ ထောင်ကျော်ကို မန်ပန်ပြည်သူ့စစ်ခေါင်းဆောင်၏နေအိမ်များတွင် ပုန်းဝှက်ထားသည့်အပြင် တရုတ်ငွေလိမ်ဂိုဏ်း ၁ ထောင်ကျာ်မှာ လက်နက်ခဲယမ်းအပြည့်ဖြင့် ခိုလှုံနေရကြောင်း သိရသည်။

လက်ရှိတွင် Operation ၁၀၂၇ စစ်ဆင်းရေးတွင် ပူးပေါင်းတိုက်ပွဲဝင်နေသည့် MNDAA ၊ TNLA၊ AA မဟာမိတ်သုံးဖွဲ့သည် အွန်လိုင်း လိမ်လည်မှုပပျောက်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး တို့ကို တစိုက်မတ်မတ် ချီတက်တိုက်ပွဲဝင်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်