သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကော်သူးလေ သမ္မတနိုင်ငံထူထောင်‌ကြောင်း ကြေညာချက်ထုတ်ပြန်

AB News ဇန်နဝါရီ ၇၊ ၂၀၂၆
LOKI

မြန်မာနိုင်ငံမှ ခွဲထွက်ပြီး အမှီခိုကင်းသည့် ကော်သူးလေ သမ္မတနိုင်ငံတော်ကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း  ကော်သူးလေအစိုးရ Government of Kawthoolei – GOK က ဇန်နဝါရီ ၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၅ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ဥကရစ်ခီး စခန်းတွင်ကျင်းပခဲ့သည့် ကော်သူးလေ လွတ်လပ်ရေးနေ့ အခမ်းအနားတွင်‌ ကော်သူးလေတပ်မတော် (KTLA)  အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက မိမိကိုယ်ကို ‘ကော်သူးလေ သမ္မတနိုင်ငံ’ (Republic of Kawthoolei) ရဲ့ ပထမဆုံး သမ္မတအဖြစ် ကြေညာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့၏ထုတ်ပြန်ကြေညာချက်အရ အစိုးရအဖွဲ့ထဲတွင်သမ္မတ ဗိုလ်ချုပ် စောနယ်ဒါးဘိုမြ၊ ဒုတိယသမ္မတ (၁) ဒုဗိုလ်ချုပ်ကြီး စောဆာဂေးဖိုး၊ ဒုတိယသမ္မတ (၂) စောဒေးဗစ်သေကပေါ၊ ဝန်ကြီးချုပ် စောဖိုးသူးလေ၊ ကာကွယ်ရေးဝန်ကြီး စောဒေးဗစ်လောဒူး တို့ ဖြစ်သည်။

အဆိုပါ သမ္မတ ဗိုလ်ချုပ်စောနယ်ဒါးဘိုမြမှာ KNU  ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်ပြီး၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ဦးစီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကာ၊ အရပ်သား ၂၅ ဦး သတ်ဖြတ်မှုအမှုနှင့် ပတ်သက်၍ တာဝန်ရှိသူအဖြစ် ၂၀၂၂ ခုနှစ်တွင် KNU မှတာဝန်နဲ့ ရပ်နားခံခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့ အစိုးရအဖွဲ့အနေဖြင့် သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်သွားမှာ ဖြစ်သလို၊ ကရင်အမျိုးသား မှတ်ပုံတင်များ ထုတ်ပေးခြင်းနဲ့ ၄ နှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်းများကို လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်စောနယ်ဒါးဘိုမြက ပြောကြားခဲ့ကြောင်း ဒေသဆိုင်ရာသတင်းမီဒီယာများတွင်တွေ့ရသည်။

ပြည်တွင်း၌ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများတွင်လည်း  တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးတပ်များနှင့်  စကမ ဆန့်ကျင်‌ရေးများကိုလည်း ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ