သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကော့ဘဇားရှိ မူဆလင်ဒုက္ခသည်စခန်း မီးလောင်၍ ယာယီနေအိမ် ၄၅၀ နီးပါး ပျက်စီး



‎AB News – ဇန်နဝါရီ ၂၀၊ ၂၀၂၆

‎ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရှိ မူဆလင်ဒုက္ခသည်စခန်း အမှတ် ၁၆ တွင် မီးလောင်မှုဖြစ်ပြီး ယာယီနေအိမ် ၄၅၀ နီးပါး မီးလောင် ပျက်စီးသွားခဲ့သည်။

‎ယနေ့ ဇန်နဝါရီ ၂၀ ရက်၊ နံနက်အစောပိုင်း ၃ နာရီ အချိန်ခန့်တွင် ၎င်းဒုက္ခသည်စခန်းအတွင်းရှိ Block D2၊ D3 နှင့် D4 တို့တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎အဆိုပါ မီးလောင်မှုကြောင့် လက်ရှိတွင် ဒဏ်ရာရသူ အများအပြားရှိနေပြီး၊ သေဆုံးသူများအား အတည်မပြုနိုင်သေးပေ။

‎မီးလောင်မှုအတွင်း နေအိမ် ၄၅၀ ကျော် မီးလောင်ပျက်စီးသွားခဲ့၍ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် မိသားစု ရာနှင့်ချီ အိုးမဲ့အိမ်မဲ့ အဖြစ်သွားကြောင်း သိရသည်။

‎မီးလောင်မှုအား မီးသတ်တပ်ဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံစေတနာ့ဝန်ထမ်းအဖွဲ့များမှ မီးငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီအချိန်တွင် ​မီးငြိမ်းသတ်နိုင်ခဲ့ပြီးနောက် အရေးပေါ် ကူညီကယ်ဆယ်ရေးများ လုပ်နေကြကြောင်း သိရသည်။

‎ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ ဘာနာနီကျူးကျော် ရပ်ကွက်တွင် မီးလောင်မှုဖြစ်ခဲ့ပြီး ရပ်ကွက်တစ်ခုလုံး မီးလောင်းကျွမ်းခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ