သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အား အမေရိကန်ရောက်ရက္ခိုင်ပြည်သူများ ကန့်ကွက်ဆန္ဒပြ

(ဓာတ်ပုံသတင်း

ရက္ခိုင်အရေးနှင့်ပတ်သတ်၍ ဘက်လိုက်မှုဖြင့် ပြောဆိုခဲ့သည့် လူ့အခွင့်အရေး ကော်မရှင် Volker Türk အား အမေရိကန်ရောက် ရက္ခိုင်ပြည်သူများ UN ရုံးရှေ့တွင် ယမန်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ရက္ခိုင်ပြည်သူများသည် အမေရိကန်အလံကို ကိုင်ထားကာ UN ရုံးရှေ့တွင်” Volker Türk အလိုမရှိ၊ Volker Türk နှုတ်ထွက်ပါ၊ Volker Türk အကြမ်းဖက်သမား ထောက်ခံအားပေးသူ ၊ UN လူတိုင်းကို ကာကွယ်ပါ “ဟုတွင် အင်္ဂလိပ်ဘာသာဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း တွေ့ရသည်။

မေလ ၁၄ နေ့က UNHCR မှ Volker Türk ၏ထုတ်ပြန်ချက်သည် ကမ္ဘာတွင် ရက္ခိုင်လူမျိုးများတည်ရှိမှုကို ခြိမ်းခြောက်ရာရောက်ပြီး အာရက္ခပြည်သူများ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လွတ်မြောက်ရေးတို့ကို မျက်ကွယ်ပြုလုပ်ဆောင်နေကြောင်း အမေရိကန် ရက္ခိုင်လူမှုအဖွဲ့အစည်းက ဆိုသည်။

၎င်း၏ထုတ်ပြန်ချက်သည် ပြည်သူကို ကျွန်ဖြစ်စေရန်နှင့် စစ်အာဏာရှင်လက်ကိုင်တုတ် အကြမ်းဖက်သမားများအတွက် အထောက်အကူပြုသည့်လုပ်ရပ်ဖြစ်ကြောင်းလည်း ဆိုထားသည်။

ဓာတ်ပုံ- AAC, INFO

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ