Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကုလသမဂ္ဂ ကိုယ်စားလှယ် နိုလင်းဟေဇာ ဇွန်လတွင် ရာထူးမှ နှုတ်ထွက်မည်

ကုလသမဂ္ဂ ကိုယ်စားလှယ် နိုလင်းဟေဇာ ဇွန်လတွင် ရာထူးမှ နှုတ်ထွက်မည်

ABN – ဇွန် (၁) ရက် ၊ ၂၀၂၃ ၊ ဘာသာပြန်သတင်း

ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသည့် မြန်မာပြည်၏ ကုလသမဂ္ဂ ကိုယ်စားလှယ် နိုလင်းဟေဇာသည် ဇွန်လတွင် နှုတ်ထွက်တော့မည် ဟု ကုလသမဂ္ဂမှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တွင် စစ်တပ်က ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် အောက်တိုဘာလ တွင် ထိုရာထူးကို သူမလက်ခံခဲ့ခြင်း ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းက ကျယ်ပြန့်သော လက်နက်ကိုင်တော်လှန်မှုများကို နိုင်ငံအနှံ့ဖြစ်စေခဲ့သည်။

ကုလသမဂ္ဂ (ယူအန်) ၏ တတိယ အမြင့်ဆုံးရာထူးဖြစ်သည့် ရာထူး( Undersecretary-general)ကို ထမ်းဆောင်ခဲ့ဖူးသူ ဟေဇာသည် တာဝန်သက်တမ်း ကုန်ဆုံးသည့် ဇွန်လ ၁၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်မည် ဖြစ်ကြောင်း ယူအန် ပြောခွင်ရ ပုဂ္ဂိုလ် စတက်ဖနီ ဒူဂျာရစ် က ပြောကြားခဲ့သည်။

နိုလင်းဟေဇာ တာဝန်မယူခင် က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်းမှာ ခရစ်စတိန်း ချာရာနာ ဘာဂျ်နာ ဖြစ်ပြီး ၂၀၁၈ မှ ၂၀၂၁ အထိ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဟေဇာမှာ ယခုရာထူးတွင် လပေါင်း ၂၀ ခန့်သာ ထမ်းဆောင်ခဲ့သဖြင့် ခရစ်စတိန်း တာဝန်ထမ်းဆောင်သည့် ကာလ၏ ထက်ဝက်ထက် နည်းသည် ဟု ဆိုရပေမည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်းက ပထမဆုံး မြန်မာနိုင်ငံ ခရီးစဥ်တွင် စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်နှင့် တွေဆုံခဲ့ပြီး အကြမ်းဖက် ပဋိပက္ခများကို အလျင်အမြန် ရပ်တန့်ရေး၊ အရပ်ဖက်အုပ်ချုပ်မှုနှင့် ဒီမိုကရေစီ လမ်းပေါ်ရောက်ရှိလာရေး၊ အကျဥ်းကျနေသည့် ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးကာ သူမနှင့် တွေ့ခွင့်ရရှိရေးတို့အတွက် တောင်းဆိုခဲ့သည်။

သို့ရာတွင် စစ်ကောင်စီမှ နိုလင်းဟေဇာ၏ မည်သည့်တောင်းဆိုချက်ကိုမျှ အရေးတယူ ဆောင်ရွက်ခြင်း မပြုခဲ့ပေ။ မတ်လ ၁၆ ရက်နေ့ကျင်းပသည့် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ယူအန် အထွေထွေညီလာခံတွင် “စစ်တပ်၏ အာဏာသိမ်းမှု၏ အကျိုးသက်ရောက်မှုများမှာ အလွန်ပင်ဆိုးရွားနေပြီး အကြမ်းဖက်မှုများမှာလည်း စိုးရိမ်ဖွယ်ရာ ဆက်လက်မြင့်တက်လျှက်ရှိနေပါသည်” ဟု နိုလင်းဟေဇာမှ သူမ၏ စိတ်ပျက်ဖွယ်လေ့လာတွေ့ရှိချက်များကို ပြောကြားခဲ့သည်။

ကျယ်ပြန့်သော တော်လှန် ခုခံမှုများ နှင့် စစ်ကောင်စီ၏ ရက်စက်သော ဖိနှိပ်များတို့ကြောင့် နိုင်ငံတဝှမ်း ပဋိပက္ခများ ရပ်စဲရန် အရိပ်အယောင် မတွေ့ရဘဲ အင်အားဖြင့် နှစ်ဖက်စလုံးက အနိုင်ရယူရန် ကြိုးပမ်းနေခြင်းတို့ကြောင့် ညှိနှိုင်းဖြေရှင်းရမည့် အလားအလာ မျိုးလည်း မရှိကြောင်း နိုလင်းဟေဇာ မှ ဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ် က မြန်မာပြည်သူလူထုနှင့် ငြိမ်းချမ်းရေးတို့အတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့သည့် သူမ၏ အားထုတ်မှုများအတွက် နိုလင်းဟေဇာကို ကျေးဇူးတင်ကြောင်း၊ ပြီးလျှင် နောက်ထပ် ကိုယ်စားလှယ်အသစ်တစ်ဦး ကိုလည်း ခန့်အပ်သွားမည် ဖြစ်ကြောင်း လည်း ပြောခွင့်ရပုဂ္ဂိုလက် ဒူဂျာရစ်မှ ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံသူတစ်ဦးဖြစ်သည့် ဟေဇာသည် UN Women ဟု အများသိကြသည့် အမျိုးသမီးများအတွက် ယူအန်အဖွဲ့အစည်း၏ ရှေ့ပြေးအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် UNIFEM တွင် အမှုဆောင်ဒါရိုက်တာအဖြစ် ၁၉၉၄ မှ ၂၀၀၇ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဟေဇာသည် ၂၀၀၇ မှ ၂၀၁၄ အထိ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် တွင် အမှုဆောင်ချုပ်အဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်သည့် အမျိုးသမီးဖြစ်ပြီး ကုလသမဂ္ဂ၏ တတိယအမြင့်ဆုံး နေရာကို ရောက်ရှိစေခဲ့သည့် ရာထူးလည်း ဖြစ်သည်။

The Independent သတင်းပါ UN envoy for Myanmar Noeleen Heyzer to leave post in June ကို ကျော်ဇံ ဘာသာပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ