Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကိုဗစ်ကြောင့် ရပ်တန့်ခဲ့ရသည့် ကမ္ဘာ့တင်းနစ်ပြိုင်ပွဲကို ယခုနှစ်တွင်ပြန်လည် ကျင်းပမည်ဟု ITF ကြေညာ

ကိုဗစ်ကြောင့် ရပ်တန့်ခဲ့ရသည့် ကမ္ဘာ့တင်းနစ်ပြိုင်ပွဲကို ယခုနှစ်တွင်ပြန်လည် ကျင်းပမည်ဟု ITF ကြေညာ

ABN-ရှိုင်းမိုး

ကိုဗစ်ဖြစ်ပွားပြီးနောက် ၃ နှစ်ကြာရပ်တန့်ထားခဲ့ရသည့် အာရှနိုင်ငံများတွင် ကမ္ဘာ့တင်းနစ်ပြိုင်ပွဲများကို ယခုနှစ် တရုတ်နိုင်ငံတွင် ပြန်လည် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ် (ITF) က ဧပြီ ၃ ရက်နေ့ကကြေညာလိုက်သည်။

အဆိုပါပြိုင်ပွဲကို ယခုနှစ် ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် စတင်ကျင်းပမှာဖြစ်ပြီး တခြားအသေးစိတ်အချက်အလက် များကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။

ထိုပြိုင်ပွဲတွင် ပါဝင်လာမည့် အားကစားသမားများနှင့် အသင်းအဖွဲ့အစည်းများအတွက် ခရီးသွားလုံခြုံရေးနှင့် တခြားကဏ္ဍများကို ITF မှ အပြည့်ဝ တာဝန်ယူသွားမည်ဟု ITF ဥက္ကဋ္ဌ David Haggerty က ပြောကြားသည်။

ထို့အပြင် ကမ္ဘာ့တဝှမ်းရှိ တင်းနစ်အားကစားပြိုင်ပွဲများကိုလည်း အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တချိန်တည်းမှာပင် အမျိုးသမီးပွဲစဥ်များကို ဧပြီလမှ ဇွန် လအတွင်း ကျင်းပမှာ ဖြစ်ပြီး စံချိန်တင်ဆုငွေ အဆင့်တခု အတွက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲစဉ်ပေါင်း ၁၆၄ ပွဲအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ကမ်းလှမ်းထားကြောင်း ITF က ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ