Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကာတာ ကမ္ဘာ့ဖလားပွဲကျင်းပတာကို တစ်ကမ္ဘာလုံး စောင့်ကြည့်နေကြမှာပါ

ဘာသာပြန်ဆောင်းပါး

ဘောလုံးလောက၏ အကြီးမားဆုံးပွဲအတွက် အိမ်ရှင်အဖြစ်ကျင်းပရန် ကာတာလို ချမ်းသာကြွယ်ဝပြီး သဲကန္တာရအတွင်းတည်ရှိသည့် နိုင်ငံမျိုးသည် သိသာကောင်းမွန်သည့် ရွေးချယ်စရာတစ်ခုမဖြစ်ခဲ့ပေ။

သူတို့၏ ကြိုးပမ်းအားထုတ်မှုများမှာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် အပုပ်နံ့ထွက်နေပြီး ၄င်းနိုင်ငံဆိုင်ရာ လူအခွင့်အရေးမှတ်တမ်းမှတ်ရာသည်လည်း လူအများပြောစရာဖြစ်လာခဲ့သည်။

သို့ရာတွင် ပွဲစီစဥ်သူများက ကမ္ဘာ့ဖလားပွဲကျင်းပခြးနှင့် တိုးတက်ဖွံ့ဖြိုးလာသော ပြည်သူများအပေါ်တွင် ကောင်းမွန်သောအကျိုးသက်ရောက်မှု ရှိလိမ့်ဟု မျှော်လင့်နေကြသည်။

၂၀၁၀ခုနှစ်တွင် ထုတ်ပြန်လိုက်သော ကာတာနိုင်ငံတွင် ကမ္ဘာဖလားပွဲလက်ခံကျင်းပရန် ဆုံးဖြတ်ချက်သည် အလွန်ပြင်းထန်သော ဝေဖန်သံများ ထွက်ပေါ်စေခဲ့သည်။

ထိုအချိန်မှစကာ ကစားပွဲနှင့်ပက်သတ်၍ အငြင်းပွားဖွယ်ရာများ ပဲတင့်ထပ်နေခဲ့သည်။

ကမ္ဘာ့ဖလားပွဲကို နိုဝင်ဘာ ၂၀ ယနေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး အဖွင့် အပိတ် ပြီးသည့်အထိ အောင်မြင်စွာကျင်းကနိုင်ရန် မျှော်လင့်ထားကြသည်။

ကစားမည့် အသင်းမှာ စုစုပေါင်း ၃၂ သင်းရှိပြီး ပွဲစဥ် ၆၄ ပွဲစဥ် ရှိကြောင်းသိရသည်။

ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့သည် သတ်မှတ်ချက်မပြည့်မီ၍ ဝင်ခွင့်ရမည်မဟုတ်ပေ။

သို့ရာတွင် ကမ္ဘာ့ဖလားပွဲကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြပြီး ကမ္ဘာတဝှမ်း ကြည့်ရှုသူ ပရိတ်သတ်ဦးရေ အနည်းဆုံး သန်း၅၀၀၀ (၅ဘီလီယံ)အထိရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ကာတာနိုင်ငံသည် အိမ်ရှင်အဖြစ်ကျင်းပရန် ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု မဖြစ်ခဲ့ပေ။

ပြောပလောက်သည့် ဘောလုံးသမိုင်းကြောင်းမရှိပဲ သဲကန္တာရအတွင်း ချမ်းသားကြွယ်ဝနေသည့် နိုင်ငံငယ် တစ်ခုသာဖြစ်သည်။

ဘောလုံးပွဲကျင်းပရန် ကြိုးပမ်းအားထုတ်မှုများမှာလည်း အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များနှင့် ရင်ဆိုင်နေရပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များမှာလည်း အများဝေဖန်စရာဖြစ်နေခဲ့သည်။

ကာတာနိုင်ငံတွင် လိင်တူချစ်ကြိုက်ခြင်းများကို တရားမဝင်သတ်မှတ်ထားပြီး ဘောလုံးကွင်းများတည်ဆောက်နေစဥ်အတွင်း ထောင်ချီသော ရွှေ့ပြောင်းလုပ်သားများ မတော်မတရားနှိပ်စက်ခြင်းများကို ခံကြရသည်ဟု ဆိုကြသည်။

ကစားသမားများသည်လည်း လူ့အခွင့်အရေးအတွက် အသံကျယ်လောင်စွာထွက်လာနေကြပြီး၊ သြစတြေးလျ ကစားသမားများသည် ရွှေ့ပြောင်းလုပ်သားများနှင့် လိင်တူချစ်ကြိုက်မှုကို ထောက်ခံသော ဗီဒီယိုတစ်ခုတွင် ပါဝင်ရိုက်ကူးခဲ့ကြသည်။

ကာတာနိုင်ငံမှ ချမှတ်ထားသည့် မူဝါဒကို ဆန့်ကျင်သည့်အနေနှင့် ဒိန်းမတ်ကစားသမားများဝတ်ဆင်ကြမည့် ဝတ်စုံများထဲမှ တစ်မျိုးတွင် အသင်းတံဆိပ် လိုဂို နှင့် အမှတ်အသားများကို မသိသာအောင် ပြုလုပ်ထားပါလိမ့်မည်။

ဥရောပ ကစားသမားတစ်ချို့သည်လည်း LGBTQ လိင်တူချစ်ကြိုက်မှုကို ထောက်ခံခြင်းကို ပြသသည့်အနေဖြင့် One Love စာသားပါ လက်ပတ်များကို ဝတ်ဆင်ကြပါမည်။

လက်ရှိကာလတွင် အားကစားနှင့် နိုင်ငံရေးကို သီးခြားစီ ခွဲထုတ်ပြီးကြည့်ရန် အလွန်ပင် ခက်ခဲလှပါသည်။

ကာတာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းသည်လည်း အနည်းဆုံး ဤပြဿနာများကို သတိပြုစရာဖြစ်သွားစေပါသည်။

ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် ဖီဖာက စင်မြင့်ထက်တွင် နေရာယူခွင့်ပြုလိုက်သော်ငြားလည်း ဤလူ့အခွင့်အရေးနှင့်ဆိုင်သည့် ပြဿနာများကို မီးမောင်းထိုးပြကြဖွယ်ရာရှိပါသည်။

ကာတာ ကမ္ဘာဖလားပွဲသည် ပရိတ်သတ်ပေါင်း ၁.၂ သန်းထိ လာရောက်ရန် ဆွဲဆောင်သွားမည်ဖြစ်သည်။

ပရိတ်သတ်များမှာ အလွန်မြင့်မားသော နေရာထိုင်ခင်းကုန်ကျစရိတ်ကို ပေးကြရသည်။

ပရိတ်သတ်များအတွက်သီးသန့်ပွဲတော် တွင် ဘီယာကို ခွင့်ပြုမည်ဖြစ်သော်လည်း အားကစားကွင်းများတွင် အရက်ပါသည့် သောက်စရာများကို နောက်ပိုင်းတွင် ပိတ်ပင်လိုက်ခြင်းကလည်း အငြင်းပွားဖွယ်ရာပင်။

သို့ရာတွင် ကာတာနိုင်ငံသည် ကမ္ဘာ့ဖလားကို လက်ခံကျင်းပသည့် ပထမဆုံးသော မူဆလင်နိုင်ငံလည်း ဖြစ်ပါသည်။

နွေရာသီကာလတွင် အပူချိန် ၅၀ဒီဂရီ ဆဲစီးယပ်အထိ တိုးမြင့်နိုင်ခြေနှင့်ပတ်သတ်၍ စိုးရိမ်မှုများက ကစားပွဲများကို ဆောင်းရာသီကာလအထိ ရွေ့သွားစေပြီး ဥရောပရှိ ဘောလုံးပွဲအစီအစဥ်များကို သွားထိခိုက်စေပါသည်။

ပြောစရာ ဝေဖန်စရာ တပုံတခေါင်းကြီး ရှိသော်ငြားလည်း ကမ္ဘာ့ဖလားပွဲ ကျင်းပရန် အဆင်သင့်ဖြစ်နေပေပြီ။

ကမ္ဘာ့ထိပ်တန်းကစားသမားများ လက်စွမ်းပြကြမည့် ပွဲကြီးပွဲကောင်းတစ်ခုဖြစ်လာစေရန် မျှော်လင့်နေကြသည်။

ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင်လူကြီးများပါဝင်လာခြင်းကလည်း ကောင်းမွန်သည့် တိုးတက်မှုပင်ဖြစ်ပေသည်။

တစ်ကမ္ဘာလုံးစီးပွားရေးကျဆင်းမှုနှင့် ပတ်သက်၍စိုးရိမ်ပူပန်ရခြင်း၊ စွမ်းအင်အကျပ်အတည်း၊ ယူကရိန်းစစ်ပွဲ၊ ကမ္ဘာ့ကပ်ရောဂါတို့မှ စိတ်အပြောင်းအလဲဖြစ်စေရန် ဤကမ္ဘာ့ဖလားမှ လုပ်ဆောင်ပေးနိုင်ပါလိမ့်မည်။

ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် ဖီဖာ က လူမျိုး၊ ကျား၊ မ၊ လိင်စိတ်ခံယူချက်ကွဲပြားမှုကို ပဓာနမထားဘဲ ကမ္ဘာ့ဖလားပွဲကို လာရောက်ကြည့်ရှုနိုင်ကြောင်း အာမခံထားသည်။

ကာတာပွဲစီစဥ်သူများက ကာတာ ကမ္ဘာ့ဖလားပွဲသည် တိုးတက်ဖွံဖြိုးလာသော ပြည်သူများအပေါ်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိမည် ဟု မျှော်လင့်မိကြောင်း ဟု ဖော်ပြခြင်းဖြင့် သြစတြေးလျှ လူအခွင့်အရေးနှင့်ဆိုင်သော ဗီဒီယိုဖိုင်ကို ပြန်လည်တုံ့ပြန်ထားသည်။

ထိုသို့ဖြစ်လာစေရန်လည်း ကျွန်တော်တို့ မျှောလင့်ကြပါမည်၊ ကမ္ဘာကြီးက ဒီဘောလုံးပွဲကို ကြည့်နေကြမှာပါ။

The world will be watching as Qatar hosts the World Cup – ဆောင်းပါးကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်