သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကာချုပ်သစ်လက်ထက် စစ်ခုံရုံးတင် စစ်ဆေးခံရမည့် ပြစ်မှုများထဲတွင် သတင်းမီဒီယာကဏ္ဍပါဝင်နေ

AB News – ဧပြီ ၂၄၊ ၂၀၂၆

မြန်မာနိုင်ငံရှိ စစ်အာဏာကျင်သုံးထားသည့် မြို့နယ်များတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အပါအဝင် အခြားထုတ်ပြန်ချက်ပါပြစ်မှုများကို ကျူးလွန်သူများအား စစ်ခုံရုံးတွင် စစ်ဆေးအပြစ်ပေးရန် ကာချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ခုံရုံးတင်စစ်ဆေးမည့် ပြစ်မှုများတွင် ပြစ်မှု ၂၃ ခုပါဝင်ပြီး သတင်းမီဒီယာဥပဒေနှင့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဥပဒေဖောက်ဖျက်သူများကိုပါ ခုံရုံးတင်စစ်ဆေးအပြစ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် စစ်အုပ်ချုပ်ရေးနယ်မြေများ၌ သတင်းမီဒီယာများအပြင် လူသတ်မှု၊ မုဒိမ်းမှု၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုဆိုင်ရာပြစ်မှုများအပါ အဝင် ၂၃ မျိုးကို စစ်ခုံရုံးနှင့် တိုက်ရိုက်စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

အဆိုပါ ပြစ်မှုများအားကျူးလွန်သူများအား သေဒဏ်၊ အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်နှင့် သက်ဆိုင်ရာ ပြစ်မှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်မည်ဖြစ်ပြီး စစ်ခုံရုံး၏ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခွင့်မရှိကြောင်း သိရှိရသည်။

သေဒဏ်ချမှတ်ခြင်းကိုမှု ကာချုပ်ကြီး၏ အမိန့်ချမှတ်မှုအပေါ် အတည်ပြုမည်ဖြစ်ပြီး သေဒဏ်ချမှတ်ခံရပါက ပြစ်ဒဏ်ချမှတ်‌သည့်‌ နေ့မှစ၍ ၁၅ ရက်အတွင်း ကာချုပ်ထံ ပြစ်ဒဏ်လျော့ပေါ့ပေးရန် အသနားခံစာတင်နိုင်‌ကြောင်း တွေ့ရှိရသည်။

နှစ်အကန့်သတ်မရှိထောင်ဒဏ်ချမှတ်ခြင်းကို သက်ဆိုင်ရာတိုင်းမှူးများ၏ အတည်ပြုချက်များဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပြီး ပြစ်ဒဏ်လျော့ပေါ့ရေး အသနားခံစာများကို သက်ဆိုင်ရာ တိုင်းမှူးများက ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ