Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကာကွယ်ရေးအကြီးအကဲ အချင်းချင်းတွေ့ဆုံမည့် အမေရိကန်တောင်းဆိုချက်တရုတ်ငြင်းဆို

ကာကွယ်ရေးအကြီးအကဲ အချင်းချင်းတွေ့ဆုံမည့် အမေရိကန်တောင်းဆိုချက်တရုတ်ငြင်းဆို

ABN – မေလ (၃၀) ရက် ၊ ၂၀၂၃

ဘာသာပြန် – ကျော်ဇံ

စင်ကာပူတွင် ယခုရသတ္တပတ်အတွင်း ကျင်းပမည့် လုံခြုံရေးဆိုင်ရာ ဖိုရမ်တွင် တရုတ်-အမေရိကန် ကာကွယ်ရေးအကြီးအကဲ အချင်းချင်းကြား အစည်းအဝေးတစ်ခုကို ပြုလုပ်ရန် အမေရိကန်၏ တောင်းဆိုချက် ကို တရုတ်ဘက်မှ ပယ်ချခဲ့ကြောင်း တင်္နလာနေ့တွင် မီဒီယာများက ဖော်ပြခဲ့ကြပြီး အင်အားကြီးနိုင်ငံအချင်းချင်းကြားမှ တင်းမာမှု လက္ခဏာတစ်ခုဟု ရှုမြင်ကြသည်။

“စင်ကာပူနိုင်ငံမှာ တရုတ် အမျိုးသားကာကွယ်ရေး ဝန်ကြီး Li Shangfu နဲ့ တွေ့ဆုံမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Austin ရဲ့ မေလ အစောပိုင်းက ဖိတ်ကြားချက်ကို ငြင်းပယ်တယ် လို့ ညတွင်းချင်းပဲ တရုတ်ဘက်က နေပြီး အမေရိကန်ဘက် ကို အသိပေးခဲ့ပါတယ်” ဟု ပင်တဂွန်က Wall Street Journal ထုတ်ပြန်ချက်တစ်ခုတွင် ဆိုထားသည်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်အနေဖြင့် ပွင်လင်းသည့် ဆက်ဆံရေးကို ယုံကြည်ပြီး ပြိုင်ဆိုင်မှုများမှ တစ်ဆင့် ပဋိပက္ခကို မရောက်သွားစေလိုသည့် အတွက်ကြောင့် ဖြစ်သည် ဟု ပါရှိသည်။

မတ်လတွင် တရုတ် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် Li Shangfu နှင့် Lloyd Aunstin တို့ကြား အစည်းအဝေးကျင်းပရန် အမေရိကန် ကာကွယ်ရေးဌာနမှ ဆွေးနွေးမှုများရှိခဲ့သည်ဟု ပြီးခဲ့သည့် အပတ်က အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောကြားခဲ့သည်။

ဒေသတွင်း လုံခြုံရေးတင်းမာမှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများက အင်အားကြီး နှစ်နိုင်ငံကြား ပြန်လည်တွေ့ဆုံညှိနှိုင်းရေးကို လွဲချော်သွားစေခဲ့သဖြင့် နှစ်နိုင်ငံကြားက အစည်းအဝေး၏ အလားအလာကို အသေအချာ စောင့်ကြည့်နေကြသည်။

ပထမဆုံး တရုတ်-အမေရိကန် ကတ်ဘိနက် အဆင့် အငြင်းပွားမှုကို ဖြစ်စေခဲ့သော ဝါရှင်တန်တွင် ကျင်းပသည့် အစည်းအဝေးတစ်ခုတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု ၊ ပြည်ပပို့ကုန်ဆိုင်ရာ မူဝါဒ တို့နှင့် ပတ်သတ်၍ ပြီးခဲ့သည့် အပတ်က အမေရိကန် ကူသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo နှင့် တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Wang Wentao။ တို့ မခံချိမခံသာ စကားနာထိုးခဲ့ကြသည်။

စင်ကာပူအခြေစိုက် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ Lan Storey ကလည်း Austin ကို ရှောင်ကြည်မည့် တရုတ်၏ ဆုံးဖြတ်ချက်မှာ ကောင်းမွန်သည့် လက္ခဏာမဟုတ်ဟု ဆိုသည်။

“အမေရိကန်-တရုတ် တင်းမာမှု မြင့်တက်နေတဲ့ အချိန်မှာ ဗိုလ်ချုပ် လီရဲ့ အမေရိကန် အကြီးအကဲကို တွေ့ဖို့ ငြင်းဆိုချက်ဟာ ဒေသတွင်း စိုးရိမ်နေရတဲ့ အခြေအနေကို ပိုပြီးတော့တောင် ထိုးနှက်လာနိုင်ပါတယ်” ဟု Storey က ဆိုသည်။

Austin နှင့် Li တို့သည် သောကြာနေ့တွင် ဖွင့်လှစ်မည့် နှစ်ပတ်လည် Shangri-la Dialogue အစည်းအဝေးတွင် ရှိနေမည် ဖြစ်ပြီး အစည်းအဝေးအမြောက်အမြားကို လက်ခံကျင်းပသည့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှင့် ကာကွယ်ရေး ခေါင်းဆောင်တို့၏ အလွတ်သဘော တွေ့ဆုံကြခြင်းလည်း ဖြစ်သည်။

အင်အားကြီး နှစ်နိုင်ငံစလုံးက ဒေသတဝှမ်းမှ အကြီးအကဲပုဂ္ဂိုလ်များနှင့် နှစ်ဦးနှစ်ဖက်ပါဝင်သည့် Bilateral အစည်းအဝေးများကျင်းပရန် လိုလားနေကြသည်။

တရုတ်နိုင်ငံတာဝန်ရှိသူများမှ ကာကွယ်ရေးဝန်ကြီး Li ၏ အမေရိကန် တောင်းဆိုချက်ကို ပယ်ချခြင်းကို ရှင်းလင်းပြောကြားမှု မရှိသေးပေ။ သို့ရာတွင် လုံခြုံရေး ကျွမ်းကျင်ပညာရှင်တချို့ကမူ အမေရိကန် နိုင်ငံက တရုတ်ကာကွယ်ရေးဝန်ကြီးအပေါ် အရေးယူပိတ်ပင်ထား ခြင်းကြောင့် တရုတ်အစိုးရမှ မခံမရပ်နိုင်ဖြစ်ခြင်းက လည်း အကြောင်းပြချက်တစ်ခု ဖြစ်နိုင်သည် ဟု ဆိုကြသည်။

ဗိုလ်ချုပ် Li သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ခေတ်မီ ပြုပြင်ပြောင်းလဲသည့် ဆောင်ရွက်ချက်များတွင် ပါဝင်ခဲ့သူ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံ၏ အဓိက လက်နက်တင်ပို့သူ Rosoboronexport မှ စစ်သင်္ဘောနှင့် လက်နက်များ ဝယ်ယူမှုနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကပင် အမေရိကန်အစိုးရ၏ အရေးယူပိတ်ပင်သည့် စာရင်းတွင် ပါဝင်လာသူ ဖြစ်ကြောင်း လုံခြုံရေးကျွမ်းကျင်ပညာရှင်များက ဆိုသည်။

ထို့အပြင် Li သည် တရုတ်သမ္မ ရှီကျင်းပင်ကိုယ်တိုင် ညွန်ကြားသည့် တရုတ်နိုင်ငံ အဆင့်မြင့် ထိပ်ပိုင်းကာကွယ်ရေးအဖွဲ့ဖြစ်သော ဗဟိုစစ်ဖက်ဆိုင်ရာ ကော်မရှင် (the Central Military Commission) ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

Reuters သတင်းပါ China declines US request for a meeting between defense chiefs ကို ကျော်ဇံ ဘာသာပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ