Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘ့ာအသက်အကြီးဆုံး ပြင်သစ်သီလရှင် Lucile Randon ၁၁၈နှစ်တွင် ကွယ်လွန်

ABN – နွယ်စိုး

ကမ္ဘ့ာအသက်အကြီးဆုံးဟု သတ်မှတ်ခံထားရသည့် ပြင်သစ် သီလရှင် Lucile Randon သည် အသက် ၁၁၈ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ချားချ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ AFP သို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

စစ္စတာ အန်ဒရီအဖြစ် လူသိများသည့် Randon ကို ပထမကမ္ဘာစစ်အပြီး ဆယ်စုနှစ်တစ်ခုအပြီး ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပြင်သစ်နိုင်ငံတောင်ပိုင်း၌ မွေးဖွားခဲ့သည်။

Lucile Randon သည် Toulonရှိ သီလရှင်ကျောင်းတော်တွင် အိပ်ပျော်နေစဥ် ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးသွားကြောင်း ပြောရေးဆိုခွင့်ရှိသူ David Tavella က ပြောကြားခဲ့သည်။

“ တကယ့်ကို ဝမ်းနည်းကြေကွဲရပါတယ်၊ ဒါပေမဲ့ သူအရမ်းချစ်ရတဲ့အစ်ကိုနှင့် ပြန်ဆုံဖို့အတွက် သူ့ရဲ့ ဆန္ဒပါ၊ သူ့အတွက်ကတော့ လွတ်မြောက်မှုတစ်ခု ဖြစ်ခဲ့ပါပြီ၊ ဟု the Sainte-Catherine-Laboure သီလရှင်ကျောင်းမှ တီဗေလာက AFPကို ပြောသည်။

ဂျန်ပန်မှ ကမ္ဘာ့အသက်အရှည်ဆုံးဖြစ်သည့် Kane Tanaka ၁၁၉ နှစ်မှာ ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားခဲ့ရာ Randonမှာ အသက်အကြီးဆုံး ဥရောပတိုက်သူအဖြစ် ရှိခဲ့ခြင်းဖြစ်သည်။

Randon ကို New Yorkမှ ပထမဆုံး မြေအောက်ရထားလမ်းဖောက်လုပ်သည့်အချိန်တွင် မွေးဖွားခဲ့ပြီး Tour de France စက်ဘီးစီးပြိုင်ပွဲကိုလည်း တစ်ကြိမ်တည်းသာ ဦးစီးကျင်းပနိုင်ခဲ့သည်။

သူမမှာ Ales တောင်ပိုင်းဒေသတွင်နေထိုင်သည့် ပရိုတက်စတန့် မိသားစုတွင် ညီအစ်ကို မောင်နှမ ၃ ဦးထဲမှ တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။

သူမ၏ အနှစ်သက်ဆုံး အမှတ်တရများထဲမှတစ်ခုမှာ ပထမကမ္ဘ့ာစစ်အပြီး သူမ၏ အစ်ကိုနှစ်ဦး ပြန်လာခြင်းဖြစ်သည် ဟု သူမ၏ ၁၁၆ နှစ်မြောက်မွေးနေ့တွင် AFP သို့‌ ပြောခဲ့သည်။

“မိသားစုတွေထဲမှာ လူနှစ်ယောက်ရှင်တယ်ဆိုတာ ရှားပါတယ်၊ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံး အသက်ရှင်လျှက် ပြန်လာခဲ့ကြပါတယ်” ဟု သူမကပြောသည်။

Randon မှာ တစ်ချိန်တစ်ခါက သူ့အပျော်ရွှင်ဆုံးနေရာတစ်ခုဖြစ်ခဲ့သည့် ပဲရစ်မြို့မှ လူချမ်းသာတို့၏ သားသမီးများအား ထိန်းကျောင်းသည့် အလုပ်ကို လုပ်ခဲ့ဖူးသည်။

သူမသည် အသက် ၂၆ နှစ်တွင် ကပ်သလစ်ဘာသာသို့ကူးပြောင်းကာ သီလရှင်အဖြစ်သို့ ဝင်ရောက်ခဲ့သည်။

ဆက်လက်ခရီးဆက်လိုသဖြင့် သူမသည် အသက် ၄၁ နှစ်အရွယ်နှောင်းပိုင်းတွင် ခရစ်ယာန် သီလရှင် သမီးပျိုများအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။

ထို့အပြင် စစ္စတာ အန်ဒရီသည် ၃၁ နှစ်ကြာအလုပ်လုပ်ခဲ့သည့် ဗိုက်စီမှ ဆေးရုံတစ်ရုံတွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

နောက်ပိုင်းတွင် သူမသည် မက်ဒီတေရီယန် ကမ်းရိုးတန်းတလျှောက်ရှိ Toulon သို့ရွှေ့ပြောင်းခဲ့သည်။

သီလရှင်ကျောင်းတော်တွင် ရှိခဲ့စဉ်က Randon မှာ ဘုရားဝတ်ပြုသူ၊ စားသောက်ချိန်၊ အလည်လာရောက်သည့် ဧည့်သည်များနှင့် ဆေးရုံလုပ်သားတို့ဖြင့် အလုပ်ရှုပ်နေခဲ့တတ်သည်။

သူမအနေဖြင့် စာတဖွဲ့ဖွဲ့လာရောက်ပို့ဆောင်သည်များကိုလည်း လက်ခံရရှိခဲ့ပြီး စာအားလုံးနီးပါးကိုလည်း ပြန်လည်တုန့်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်က သီလရှင်ကျောင်းတော်အတွင်း ကိုဗစ်ကူးစက်မှုမှာ ၈၁ ဦးထိရှိခဲ့သော်လည်း Randonမှာ ရောဂါဘယဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။

“ကိုယ်လုပ်ခဲ့တဲ့ အလုပ်က ကိုယ့်ကို ပြန်အကျိုးပေးတာပါပဲ” ဟု ပြီးခဲ့သည့်နှစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“လူတွေက ပြောကြတယ်၊ အလုပ်ဆိုတာ အသေသတ်တတ်တယ်တဲ့၊ ကျွန်မအတွက်ကတော့ အလုပ်လုပ်ရင် အသက်ရှည်ပါတယ်၊ ပြီးတော့ အလုပ်လုပ်လာခဲ့တာလည်း ၁၀၈ နှစ်တောင်ရှိပါပြီ” ဟု လွန်ခဲ့သည့်နှစ် ဧပြီလက သီလရှင်ကျောင်း ဧည့်ခန်းမတွင် သတင်းထောက်များကို ပြောခဲ့သည်။

Randonမှာ ဝှီးချဲလ်ပေါ်တွင် ထိုင်နေရသူတစ်ဦးဖြစ်သည့်အပြင် မျက်မမြင်တစ်ဦးပါဖြစ်နေသော်လည်း သူ့ထက်ငယ်သူများထက် အသက်ကြီးသူများကို ဂရုစိုက်လေ့ရှိခဲ့သည်။

‘’ လူတွေက တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေမယ့်အစား တစ်ယောက်ကို တစ်ယောက်ချစ်ခင်သင့်တယ်။ အဲဒါတွေအားလုံးကိုသာ တစ်ဦးပေါ်တစ်ဦး မျှဝေပေးရင် အများကြီး ပိုကောင်းလာမှာပါ’’ ဟု သတင်းထောက်များနှင့် တွေဆုံရာတွင် ပြောခဲ့သည်။

သူမသည် ဆံပင်ထိန်းသိမ်းစောင့်ရှောက်ခြင်း သို့မဟုတ် DNA နမူနာများအတွက် တောင်းဆိုချက်များကို ငြင်းပယ်ခဲ့ပြီး သူမ၏ အသက်ရှည်ခြင်းလျှို့ဝှက်ချက်ကို ဘုရားသခင်သာလျှင်သိသည် ဟုဆိုခဲ့သည်။

ကမ္ဘ့ာအသက်အကြီးဆုံး ပြင်သစ်သီလရှင် Lucile Randon ၁၁၈နှစ်တွင် ကွယ်လွန်

ထင်မြင်ယူဆချက်‌‌ပေးရန်