Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘောဒီးယားနိုင်ငံ၌ ယခု မေလ ရက်ပိုင်း အတွင်း ကျင်းပမည့် SEA Games အားကစားပြိုင်ပွဲများတွင် ရခိုင်မှ မြန်မာ့လက်ရွေးစင် အားကစားသမားများလည်း ဝင်ရောက် ယှဥ်ပြိုင်မည် ဟု သိရ

ကမ္ဘောဒီးယားနိုင်ငံ၌ ယခု မေလ ရက်ပိုင်း အတွင်း ကျင်းပမည့် SEA Games အားကစားပြိုင်ပွဲများတွင် ရခိုင်မှ မြန်မာ့လက်ရွေးစင် အားကစားသမားများလည်း ဝင်ရောက် ယှဥ်ပြိုင်မည် ဟု သိရ

ABN-နွယ်စိုး

ကမ္ဘောဒီးယားနိုင်ငံတွင် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games အားကစားပြိုင်ပွဲများကို ကမ္ဘောဒီးယားနိုင်ငံ အားကစားကွင်း၌ ကျင်းပရန် စတင်ပြဆင်နေပြီဖြစ်ကြောင်း သိရသည်။

ထိုအားကစားပွဲကို လာမည့် မေလ ၅ ရက်နေ့မှ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး ထိုကစားပွဲ၌ အားကစားပေါင်းစုံ ပြိုင်ပွဲများပါဝင်ပြီး ထိုကစားပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ပထမဆုံးအကြမ် ကျင်းပခြင်းဖြစ်သည်။

ထို SEA Games ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင် အားကစားမောင်မယ်များဖြစ်ကြသော မြေပုံ မြို့ မှ ကိုအောင်မျိုးနိုင် ပိုင်ကျော်ခြင်းကစား၊ အမ်းမြို့နယ်မှ ကိုမျိုးထက်ထွန်း ဘိလိယက်နှင့် သနှုကာကစားခြင်း၊ စစ်တွေမြို့မှ ကိုအောင်မြတ်ထွန်း ဘော်လီ‌ဘောကစားခြင်း၊ ဂွမြို့နယ်မှ ကိုလှိုင်ဝေကျော် ဘော်လီ‌ဘောကစားခြင်း၊ ရမ်းဗြဲမြို့နယ်မှ ကိုဇော်လင်းထက် ခရစ်ကတ် ကစားခြင်း၊ ကျောက်တော်မြို့နယ်မှ မထက်ထက်အောင် ခရစ်ကတ် ကစားခြင်း၊ စစ်တွေမြို့မှ မထွေးနှောင်း ခရစ်ကတ် ကစားခြင်း၊ မင်းပြားမြို့မှ မခင်ခင်စု ဂျိုဒိုကစားခြင်း၊ သံတွဲမြို့နယ်မှ မဖြိုးဖြိုး ဂျူဒို ကစားခြင်း၊ မြေပုံမြို့နယ်မှ မနော်ထက်ထက်ဝေတို့က ဘောလုံးကစားခြင်း တို့ဖြင့် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အနှစ် ၃၀ လောက်ကြာခဲ့သည့် ပြည်တွင်းစစ်နှင့် စစ်အပြီး အနှစ် ၂၀ လောက် ပြန်လည်တည်ဆောက်ရေးများ လုပ်ခဲ့ရသည့် ကမ္ဘောဒီးယားနိုင်ငံတွင် အရင်က SEA Games ပြိုင်ပွဲများ ကျင်းပခွင့် မရရှိခဲ့ပေ။

အဆိုပါကစားပွဲတွင် အားကစားအမျိုးအစား ၃၇ မျိုး ယှဥ်ပြိုင်ရန် ရွေးချယ်ထားပြီး ကမ္ဘောဒီးယား စစ်တုဘုရင်ကစားနည်းပြိုင်ပွဲနှင့် ရိုးရာသိုင်းပြိုင်ပွဲ စသည့် ရိုးရာ ကစားနည်း သုံးမျိုးအား ထည့်သွင်းထားခြင်းဖြစ်သည်။

၄င်းအပြင် ယခုနှစ် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသမီး၊ အမျိုးသား အားကစားသမား ၅၀၁ ဦးနှင့် အားကစားနည်း ၂၁မျိုး ဝင်ရောက်ယှဥ်ပြိုင်မည်ဟု သိရသည်။

ထို SEA Gamesကစားပွဲကို မြန်မာနိုင်ငံတွင် ၁၉၆၁ ခုနှစ်က တစ်ကြိမ်၊ ၁၉၆၉ ခုနှစ် ၁ကြိမ် ကျင်းပခဲ့ဖူးပြီး နှစ်ပေါင်း ၄၄ နှစ်အကြာ ၂၀၁၃ ခုနှစ်ကလည်း တတိယအကြိမ် ကျင်းပခဲ့ဖူးကြောင်း သိရသည်။

ထို အရှေ့တောင် အာရှ SEA Games အားကစားပြိုင်ပွဲကို ဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယား နိုင်ငံသားအားလုံးအနေဖြင့် အခမဲ့ကြည်ခွင့်ပေးမည့်ဟု ကြေညာထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ