Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘောဒီးယားနိုင်ငံတွင် ( ၃၂ ) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပမည်

ကမ္ဘောဒီးယားနိုင်ငံတွင် ( ၃၂ ) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပမည်

ABN-ရှိုင်းမိုး

ကမ္ဘောဒီးယားနိုင်ငံတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း) ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပမည်ဟုသိရသည်။

၂ဝ၂၃ မေလ ၅ ရက်​နေ့မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက လက်ခံ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အားကစားပြိုင်ပွဲကို နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပြိုင်ပွဲပေါင်း ၅၈၁ ခုယှဉ်ပြိုင်ကြမှာဖြစ်ပြီး ထိုအထဲတွင် အမျိုးသားပွဲစဉ် ၃၀၄ ပွဲ၊ အမျိုးသမီးပွဲစဥ် ၂၂၉ ပွဲနှင့် ပေါင်းစပ် သရုပ်ပြ အားကစားနည်း ၄၈ မျိုးတို့ပါဝင်မည်ဖြစ်သည်။

ကမ္ဘောဒီးယား၊ ဘရူနိုင်းဒါရုစလမ်၊ တီမောလက်စ်တီ၊ အင်ဒိုနီးရှား၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

ထိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့တွင် မြို့တော် ဖနွမ်းပင်မြို့တော်၌ ​ ကျင်းပသွားမည်ဖြစ်သည်။

အဓိက ကျင်းပမည့်နေရာမှာ Morodok Techo အားကစားကွင်းဖြစ်ပြီး ဖနွမ်းပင်မြို့၊ Chroy Changvar မြို့၊ Sihanoukville မြို့၊ Siem Reap မြို့နန့် Kempot မြို့တို့မှာလည်း ကျင်းပသွားမည်ဖြစ်သည်။

ထိုပြိုင်ပွဲတွင် PUBG၊ MLBB နှင့် Wild Rift ပြိုင်ပွဲများအပြင် ဘောလုံး၊ ဘတ်စ်ကတ်ဘော၊ ဘော်လီဘော၊ လက်ဝှေ့၊ ကာရာတေး၊ ရေကူးပြိုင်ပွဲ၊ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဂေါက်ရိုက်ပြိုင်ပွဲများနှင့်အားကစားနည်း ၃၇ မျိုးအထိ ပါဝင်မည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ