သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့် မူပိုင်ကို စစ်တပ်ပိုင် Mytel အုပ်စုရ


AB News – ဇွန် ၁၁၊ ၂၀၂၆

၂၀၂၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား (FlFA World Cup
2026 ) ပွဲစဥ်များ တိုက်ရိုက်ပြသခွင့် (Official Media Rights) ကို မြန်မာနိုင်ငံတွင် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေကုမ္ပဏီ အုပ်စုမှ မူပိုင်ရရှိကြောင်းကို ဖီဖာက တရားဝင်ကြေညာခဲ့သည်ကို တွေ့ရှိရသည်။

FWC 2026 ပွဲစဥ်များကို ယနေ့ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင် ၁၉ ရက်နေ့အထိ အသင်းပေါင်း ၄၈ သင်း၊ ပွဲစဥ်ပေါင်း ၁၀၄ ပွဲဖြင့် အမေရိကန်၊ မက္ကဆီကို နှင့် ကနေဒါ ၃ နိုင်ငံများတွင် ပူးတွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

FWC 2026 ပွဲစဥ်များကို Mytel လက်အောက်ရှိ TV360 အပလီကေးရှင်းက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ထုတ်လွှင့်ရေးအစီအစဥ်မိတ်ဆက်ပွဲကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ Melia Hotel တွင် ပြုလုပ်ခဲ့သည်။

FWC 2026 မူပိုင်ခွင့်တင်ဒါခေါ်ယူမှုကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ၌ စတင်ဖွင့်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် TV360 ကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မူပိုင်ခွင့်ရွေးချယ်ရာတွင် ပရိတ်သတ်ထံသို့ အကျယ်ပြန့်ဆုံးရောက်ရှိနိုင်မှု၊ အရည်အသွေးမြှင့် ထုတ်လွှင့်ခြင်းဝန်ဆောင်မှု ပေးနိုင်မှုနှင့် ဘဏ္ဍာရေးစွမ်းရေးများကို အဓိကထည့်သွင်း စဥ်းစားကြောင်း သိရသည်။

ထို့ပြင် မူပိုင်ခွင့် လိုင်စင်ကြေးများမှာ မြင့်မားသောကြောင့် လျှောက်ထားသောကုမ္ပဏီများအနေဖြင့်လည်း လိုင်စင်ကြေးများကို အပြည့်အဝပေး​​ချေနိုင်သည့် ငွေကြေးခိုင်မာမှုရှိရန်လည်း လိုအပ်ကြောင်း ဖိဖာဘက်မှ သတ်မှတ်ထားသည်။

အလားတူ မြန်မာနိုင်ငံအတွက် စစ်တပ်ပိုင် Mytel အုပ်စုမှ မူပိုင်ခွင့်ရရှိထားပြီး ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံများတွင်လည်း Mytel ၏ မိခင်ကုမ္ပဏီဖြစ်သော Viettel အုပ်စု လက်အောက်ခံ ကုမ္ပဏီများက FWC 2026 ထုတ်လွှင့်မှု မူပိုင်ခွင့်ကို ရရှိထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ