Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘာ့ကောင်းဆုံး ကစားသမားဆုကို အာဂျင်တီးနားအသင်း၏ အသင်းခေါင်းဆောင် မက်ဆီ ဆွတ်ခူး

ကမ္ဘာ့ကောင်းဆုံး ကစားသမားဆုကို အာဂျင်တီးနားအသင်း၏ အသင်းခေါင်းဆောင် မက်ဆီ ဆွတ်ခူး

ABN-မေအိအိအောင်

ယမန်နေ့ ဖေဖော်၀ါရီ ၂၇ ရက်နေ့တွင် အာဂျင်တီးနားအသင်း၏ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၂၂ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ချီးမြှင့်ခဲ့သည်။

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရရှိအောင် ဦးဆောင်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် မက်ဆီသည် ပြင်သစ်ကလပ် ပီအက်စ်ဂျီတွင် တိုက်စစ်မှုးအဖြစ်ကစားသူဖြစ်ကာ ပြင်သစ်နာမည်ကြီး ကစားသမားနှစ်ဦးဖြစ်သည့် ကိုင်လီယန် အမ်ဘက်ပီ နှင့် ကာရင်မ် ဘန်ဇီးမားတို့ကို ကျော်ပြီး ၎င်းဆုကိုရရှိခဲ့ခြင်း ဖြစ်သည်။

သူ့အနေဖြင့် ထူးကဲကောင်းမွန်သော နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီး ၎င်းဆုကို ဒုတိယအကြိမ်ရရှိလာခြင်းမှာ ကြည်နူးစရာအလွန်ကောင်းကြောင်း၊ ယင်းကို သူ့အတွက် ကြီးကျယ်သည့် ဂုဏ်ပြုမှု တစ်ခုအဖြစ်ခံယူပြီး အသင်းအဖော်များသာမကူညီလျှင် အဆိုပါဆုမျိုးရရှိခဲ့မှာလည်းမဟုတ်ကြောင်း ၊ သူ့ဘ၀တစ်လျှောက် ရည်မှန်းထားခဲ့သည့် အိမ်မက်တစ်ခုကို ပြီးခဲ့သည့်နှစ်က လက်တွေ့အကောင်ထည်ဖော်နိုင်ခဲ့ကြောင်း နှင့် ကမ္ဘာ့ဖလားကို ရဖို့ရန်မှာ လူအနည်းအကျဥ်းခန့်သာ မျော်လင့်ခွင့် ရှိသော်လည်း ယင်းအထဲမှာ ပါ၀င်ခွင့် ရလာခြင်းမှာ ကံကောင်းသည်ဟု ခံစားမိကြောင်း မက်ဆီက ပြောသည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို အာဂျင်တီးနားမှ လီယွန်နယ်လ် စကာလိုနီ နှင့် အကောင်းဆုံးဂိုးသမားဆုကို အာဂျင်တီးနား လက်ရွေးစင် အီမီလီယာနို မာတီနက်ဇ်တိုက အသီးသီးရယူခဲ့ကြသည်။

လီယွန်နာ မက်ဆီသည် ပြီးခဲ့သည့် ရာသီကလပ်နှင့် နိုင်ငံအတွက် ၄၉ ပွဲ ကစားပြီး ၂၇ ဂိုးအထိ သွင်းယူပေးခဲ့သည်။

ပြင်သစ်နိုင်ငံ ၊ ပါရီမြို့တော်တွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် ဖီဖာ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးမယ်ဆုကို ဘာစီလိုနာ အသင်း၏ အလက်ရှာ ပူတဲလက်စ်ကရရှိသွားပြီး အသင်းကို ဥရောပ ချန်ပီယံချိပ်ဆုဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့သော အင်္ဂလန်အသင်း၏ မန်နေဂျာ ဆရီနာ ၀ီဂ်မန်းသည် အကောင်းဆုံး အမျိုးသမီးဘောလုံးအသင်း နည်းပြဆုကို ပိုင်ဆိုင်ခဲ့သည်။ ယင်းအပြင် အကောင်းဆုံး အမျိုးသမီး ဂိုးသမားဆုကို မန်ချက်စတာ ယူနိုက်တက်နှင့် အင်္ဂလန် ဂိုးသမား မေရီအပ်စ်က ရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ