Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘာကျော် ဘောလုံးသမားဟောင်း ပီလီကွယ်လွန်

ဘရာဇီးနိုင်ငံက အသက် ၈၂ နှစ်အရွယ် ကမ္ဘာကျော် ဘောလုံးသမားဟောင်း ပီလီသည် ဒီဇင်ဘာ ၂၉ ရက် ကြာသပတေးနေ့က ကွယ်လွန်သွားကြောင်း သိရသည်။

၎င်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကပင် ဆေးရုံတက်ခဲ့ရပြီး ကင်ဆာရောဂါ၊ ကျောက်ကပ်နှင့် နှလုံးရောဂါများကိုပါ ခံစားခဲ့ရသည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း ပီလီမှာ အူမကြီးကို ခွဲစိတ်ပြီး Tumor အကြိတ်ကိုလည်း ခွဲထုတ်ကုသခဲ့ရသေးကြောင်း သိရသည်။

တချိန်တခါက ကမ္ဘာ့အေကာင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံခဲ့ရသည့် ပီလီသည် ဘရာဇီးဘောလုံးအသင်းအတွက် ၁၉၅၈၊ ၁၉၆၂နှင့် ၁၉၇၀ ကမ္ဘာ့ဖလားများကို ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးရယူခဲ့သည်။

ပီလီကို ၁၉၄၀ ခုနှစ်က ဘရာဇီးနိုင်ငံ Tres Coracoes မြို့တွင် မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်ကတည်းကပင် ဘရာဇီးနိုင်ငံ၏ နာမည်ကျော် Santos ဘောလုံးအသင်းတွင် စာချုပ်ချုပ်ဆို ကစားခဲ့ပြီးနောက် တစ်နှစ်အကြာ ၁၆ နှစ်သားအရွယ်တွင် ဘရာဇီးနိုင်ငံ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရသည်။

ထို့နောက် အသက် ၁၇ နှစ်အရွယ်တွင် ၁၉၅၈ ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ဘရာဇီးအသင်း ကမ္ဘာ့ဖလားဆုကို ရရှိခဲ့သည်။

ထိုအချိန်က သူသည် အသက်အငယ်ဆုံး ဘောလုံးသမားတစ်ဦးအနေဖြင့် ကမ္ဘာ့ဖလားတွင် ဝင်ရောက်ကစားခဲ့ခြင်းဖြစ်သည်။

ပီလီသည် ဘောလုံးလောကက အနားယူပြီးနောက်ပိုင်းတွင်လည်း ဘရာဇီးနိုင်ငံ၏ အားကစားဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သကဲ့သို့ ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးကလည်း ချို့ငဲ့သည့် ကလေးငယ်များ ကူညီရေးနှင့် အားကစားကဏ္ဍ မြှင့်တင်ရေး လုပ်ဆောင်နေသည့် သူ့ကို UNESCO၏ Champion for Sports တာဝန်ပေးအပ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ