သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကန့်ဘလူခရိုင်တွင် စကမ တပ်စခန်းများ တစ်ခုပြီးတစ်ခု ကျဆုံးနေ

AB News – ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
ချန်ဒြာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းတွင် PDF၊ ပကဖ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ AA(EROs) တို့ စုပေါင်း၍ စစ်ရေးဖော်ဆောင်မှုများပြုလုပ်နေသည့်အတွက် စကမ တပ်စခန်းများ တစ်ခုပြီးတစ်ခု ကျဆုံးနေကြောင်း သိရသည်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလထိ ကန့်ဘလူခရိုင်အတွင်း စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့ကြသည်။

အဆိုပါ စစ်ဆင်ရေးကာလအတွင်း ကန့်ဘလူခရိုင်အတွင်းရှိ စကမ တပ်စခန်းများဖြစ်သည့် ကိုးတောင်ဘို့(ပျူစောထီး) ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ပေကြီး(ပျူစောထီး) ရွာစခန်း၊ ငှက်ပျောတိုင်း (ပျူစောထီး) ရွာစခန်း၊ အင်တိုင်း(ပျူစောထီး) ရွာစခန်းနှင့် ကောလင်းမြို့မှ ထွက်လာသော လှုပ်ရှားရေးစစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့ကြကြောင်း အမှတ် ၁ စစ်ဒေသ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးတောင်ဘို့ရွာစခန်းကို ဇန်နဝါရီလ ၂၈ ရက်နေန့မှ ၃၁ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ တိုက်ပွဲတို့တွင် သိမ်းပိုက်ရရှိခဲ့ကာ အင်တိုင်းရွာစခန်းတို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့တိုက်ပွဲတို့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကောလင်းမြို့နယ်မှ သရက်ခုံဘက်သို့ စစ်ကြောင်းထိုးလာသော ကောလင်းမြို့မှ စကမ စစ်ကြောင်းအားလည်း ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စကမ ဘက်မှ ၉၆ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပျူစောထီးများအပါအဝင် စကမတပ်သား ၁၀၀ ဦးအား ဖမ်းဆီးရရှိခဲ့ကာ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်မျိုးစုံ ၂၄၆၅၂ တောင့်၊ ဗုံးသီးမျိုးစုံ ၅၃၀ လုံး၊ စစ်သုံးပစ္စည်းများနှင့် လူသုံးကုန်များလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲများအတွင်း စကမ မှ Jet Fighter/ Y-12 ဖြင့် ဗုံး ၃၇ ကြိမ်ခန့်ကြဲချတိုက်ခိုက်ခဲ့ပြီး Gyrocopter ဖြင့် ဗုံး ၄ ကြိမ် ၊ ကာမီကာဇယ် ဒရုန်းဖြင့် ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ