Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကနေဒါဝန်ကြီးချုပ် Justin Trudeau ယူကရိန်းသို့ သွားရောက်

ABN-နွယ်စိုး

ဇွန် ၁၁ရက်

ယူကရိန်းနိုင်ငံတောင်ပိုင်းတွင် ယူကရိန်းတပ်များနှင့် ရုရှားတပ်များ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေချိန်မှာ စနေနေ့ ဇွန်လ ၁ဝ ရက်နေ့က မြောက်ပိုင်းတွင်ရှိသော Kyiv မြို့တော်ကို ကနေဒါဝန်ကြီးချုပ် Justin Trudeau ကြိုတင် ကြေညာထားခြင်းမရှိဘဲလာရောက်ခဲ့ကာ ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် တွေ့ဆုံခဲ့သည်။

“ကနေဒါဝန်ကြီးချုပ်နဲ့အဖွဲ့ ယူကရိန်းကို လာရောက်တဲ့အတွက် တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်၊ ကနေဒါဟာ ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေ လွတ်လပ်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်မျိုးမှာ အခြေခံကျကျ ပံ့ပိုး ကူညီပေးတဲ့ နိုင်ငံဖြစ်ပါတယ်” ဟု ယူကရိန်းသမ္မတ Zelensky က ပြောကြားလိုက်သည်။

ကနေဒါဝန်ကြီးချုပ်သည် ယူကရိန်းနိုင်ငံအတွင်းက ကာခေါဗ်ကာ ရေကာတာ ပျက်စီးမှုကြောင့် ရေကြီးရေလျှံပြီး ဒုက္ခရောက်နေသူများအတွက် လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၃၇ သန်းခွဲအပြင် နောက်ထပ်အကူအညီ ဒေါ်လာ ၁၀ သန်း ချထားပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့အပြင် ယူကရိန်းအရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် ယူကရိန်းက သောကြာနှင့် စနေနေ့မှာ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး တချို့နေရာများတွင် ၄၈ နာရီအတွင်း ရုရှားများ နေရာယူထားသော ရှေ့တန်းက နေရာတချို့ကို ယူကရိန်းတပ်များက ထိုးဖောက်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်ရေး နေ့စဉ်အခြေနေကို စောင့်ကြည့်နေသည့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့က ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ၄င်း၏ မဟာဗျူဟာမြောက် နျူးကလီယားလက်နက်တချို့ကို ရှေ့လထဲတွင် ဘယ်လာရုစ်နိုင်ငံ၌ နေရာချထားမည်ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က သောကြာနေ့တွင် ဘယ်လာရုစ် Alexander Lukashenko နှင့်တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် သောကြာနေ့က အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးနှင့် လက်နက်ခဲယမ်းများပါဝင်သည့် စစ်ရေးအကူညီ နောက်ထပ် ၂.၁ ဘီလီယံ ချထားပေးမည်ဟု ကြေညာခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ