Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကနေဒါနိုင်ငံ အနောက်ဘက်ရှိ British Columbiaပြည်နယ်တွင် တောမီးလောင်မှုကြောင့် လူပေါင်း ၃၅၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ကနေဒါနိုင်ငံ အနောက်ဘက်ရှိ British Columbiaပြည်နယ်တွင် တောမီးလောင်မှုကြောင့် လူပေါင်း ၃၅၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ABN-နွယ်စိုး

သြဂုတ် ၂၀ ရက်

ကနေဒါနိုင်ငံ အနောက်ဘက်ရှိ British Columbia ပြည်နယ်တွင် သြဂုတ်လ ၁၉ ရက်နေ့ စနေနေ့က တောမီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာခြင်းကြောင့် အာဏာပိုင်များအနေဖြင့် ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာခဲ့ကာ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်ကြိုတင်သတိပေးခဲ့သည်။

ပစိဖိတ်ကမ်းရိုးတန်းနှင့် ကျန်လမ်းမကြီးများကြားရှိ အဓိကအဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းအချို့ကို မီးလောင်ကျွမ်းမှုဆိုးဝါးခြင်းကြောင့် ထိန်းချုပ်ထားနိုင်ခြင်းမရှိခဲ့ခြင်းအတွက် အတွင်းပိုင်းရှိ British Columbia ပြည်နယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အနောက်ကော်လိုနာမြို့တဝိုက်ရှိနေအိမ်အများအပြားသို့လည်း နောက်ထပ် တောမီးလောင်ကျွမ်းနိုင်ခြေရှိခြင်းကြောင့် ပြည်နယ်အရေးပေါ်အခြေအနေကြေညာလိုက်ခဲ့ခြင်းဖြစ်ပြီး တောမီးလောင်ကျွမ်းမှုမှာ အရှိအဟုန်နှင့်ဆိုးရွားနေပြီး လာမည့်ရက်အနည်းငယ်အတွင်း အခြေအနေပိုမိုဆိုးရွားလာနိုင်ရှိကြောင်း ဗြိတိသျှ ဝန်ကြီးချုပ်ဒန်နီရယ် အီဘီက သတိပေးထားသည်။

“လက်ရှိအခြေအနေက ဆိုးရွားပါတယ်” ဟု ဝန်ကြီးချုပ် ဒန်နီရယ် အီဘီက စနေနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး လူ ၃၅,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးထားပြီး နောက်ထပ် ၃၀,၀၀၀ ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တောမီးလောင်ကျွမ်းမှုမှာ ၂၄ နာရီအတွင်း ၆၄ ဟတ်တာကနေ ၆၈၀၀ ဟတ်တာထိ ကြီးထွားလာပြီး လက်ရှိမှာ နောက်ထပ်ဒေသခံ ၃၀၀၀၀ ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဒန်နီရယ် အီဘီက အမိန့်ပေးထားသည်။

ထိုမီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် Columbia ပြည်နယ်တွင် ကယ်ဆယ်ရေးနှင့် မီးသတ်သမားများအတွက် အမိုးအကာများ အလွန်လိုအပ်နေပြီး ယာယီနေရာထိုင်ခင်းများ ပိုမိုရရှိနိုင်စေရန် မလိုအပ်သော ခရီးသွားလာမှုအား တားမြစ်ရန် တာဝန်ရှိသူများက အမိန့်ပေးခဲ့သည်။

ယင်းအပြင် တာဝန်ရှိသူများက မီးငြိမ်းသတ်ရာတွင် အဟန့်အတားဖြစ်စေနိုင်သည့် မောင်းသူမဲ့လေယာဥ်များကို မီးသတ်ဇုန်အတွင်း မောင်းနှင်ခြင်းအားရှောင်ရှားကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

၄င်းအပြင် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းဒေသများတွင်လည်း သီးခြားလောင်ကျွမ်းနေသည့် တောမီးကြောင့် လူဦးရေ ၂၂၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတွေကပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ