Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကင်ဂျုံအွန်၏ နံပါတ် ၂ စစ်ဘက်အရာရှိကို ရာထူးမှ ရပ်ဆိုင်း

ကင်ဂျုံအွန်ပြီးလျှင် နိုင်ငံ၏ ဒုတိယအာဏာအရှိဆုံး စစ်ဘက်အရာရှိတစ်ဦးဖြစ်သည့် ပက်ဂျုံခွန်ကို မြောက်ကိုးရီးယားက ရာထူးမှ ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။

အာဏာရ အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌနှင့် ပါတီဗဟိုကော်မတီ အတွင်းရေးမှူးတစ်ဦးဖြစ်သည့် ပက်ဂျုံခွန်အား ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပပြုလုပ်ခဲ့သည့် ကော်မတီနှစ်ပတ်လည် အစည်းအဝေးတွင် ရီယွင်ဂီဖြင့် အစားထိုးခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ပက်ကမူ ရာထူးမှ ရပ်ဆိုင်းခံလိုက်ရသည့်အတွက် တုန့်ပြန်မှုပြုလုပ်ခဲ့ခြင်းမရှိပေ။ ပြုံးယမ်းသည် ပုံမှန်အားဖြင့် နိုင်ငံ့ခေါင်းဆောင်များကို ပြောင်းလဲသည့် အကျင့်ရှိနေပြီး နှစ်ကုန်ပိုင်း ပါတီအစည်းအဝေးများကို မူဝါဒပြောင်းလဲမှုဆုံးဖြတ်ချက်များနှင့် ဝန်ထမ်းများပြန်လည်ပြောင်းလဲခန့်အပ်ရေးအတွက် ကျင်းပလေ့ရှိသည်။

အစည်းအဝေး၌ တခြားပါတီဝင်များက ဝန်ထမ်းပြောင်းလဲခန့်အပ်ရေးနှင့် ပတ်သက်ပြီး တက်တက်ကြွကြွ ပါဝင်နေကြစဉ် ပက်မှာမူ တက်ကြွမှုမရှိသည့် ပုံစံ၊ နောက်ပိုင်းတွင် သူ့နေရာကို ဆုံးရှုံးရတော့မည် ဟူသော ခံစားချက်တို့ကြောင့် ငေးမောထိုင်နေခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ဖော်ပြခဲ့သည်။

KCNA သတင်းဌာနမှ ကင်၏နှစ်သစ်ကြိုဆိုသည့်အနေဖြင့် သူ့အဘိုးနှင့် ဖခင်တို့၏ အုတ်ဂူများထားရှိရာ Kumususan Palace of Sun အလည်ပတ်ခရီးစဉ်တွင် ပက်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလက အုတ်ဂူသို့ ကင်ဂျုံအွန်အလည်သွားခဲ့စဉ်က တက်တက်ကြွကြွပါဝင်ခဲ့သကဲ့သို့ ယခုအချိန်တွင် ပါဝင်ခြင်းမရှိခဲ့ကြောင်း ဓာတ်ပုံသတင်းအရ ဖော်ပြခဲ့သည်။

ကင်ဦးဆောင်သည့် ဗဟိုစစ်ကော်မရှင်သည် စစ်တပ်ကိုကျော်၍ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ကို ရွေးချယ်ရာတွင် ဆုံးဖြတ်ချက်ချသည့် အလုပ်ကို လုပ်ဆောင်ရသည်။

ပက်၏နေရာအစားထိုးခံရမှုသည် အမေရိကန်နှင့်တောင်ကိုးရီးယားတို့၏ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရန် တိုက်ချင်းပစ်ဒုံးကျည်သစ်များနှင့် ကြီးမားသည့် နျူးကလီးယား လက်နက်တိုက်တစ်ခုကို ၂၀၂၃ ခုခံရေး မဟာဗျူဟာတစ်ခုအနေဖြင့် တည်ဆောက်ရေးအတွက် ကင်ကလုပ်လိုက်ခြင်းဖြစ်သည်။

ပက်သည် ၂၀၁၅ ခုနှစ်တွင် အမြောက်တပ်မှ ကြယ်တစ်ပွင့် ဗိုလ်ကလေးအဖြစ်မှ ၂၀၂၀ ခုနှစ် နိုင်ငံ၏ တာတိုပစ် ဒုံးကျည်နည်းပညာတိုးတက်မှုတွင် အမှတ်ကောင်းကောင်းရယူခဲ့သည့်အတွက် ၅ နှစ်အတွင်း ကြယ်လေးပွင့် ဗိုလ်မှူးအဆင့်သို့ ရာထူးတိုးခဲ့သည်။

၂၀၂၀ ခုနှစ် အကုန်ပိုင်းတွင် ပေါ်လစ်ဗျူရို (ယခင် ဆိုဗီယက်ပြည်ထောင်စု၌ ကွန်မြူနစ်ပါတီ၏ မူဝါဒချမှတ်ပေးသော အဖွဲ့) တွင် ကင်ပြီးလျှင် ဒုတိယ အမြင့်ဆုံးရာထူးကို ပေးအပ်ခြင်းခံခဲ့ရပြီး နိုဝင်ဘာလက အမေရိကန်နှင့်တောင်ကိုးရီးယားနိုင်ငံတို့၏ စစ်ရေးလေ့ကျင့်မှုများကို ဆန့်ကျင်သည့် ထိပ်သီးခေါင်းဆောင်ပိုင်းတစ်ဦး ဖြစ်လာခဲ့သည်။

ကင်လက်ထက်တွင် အကြိမ်ကြိမ် ရာထူးအတက်အကျရှိခဲ့သည့် အခြားစစ်အကြီးအကဲများကဲ့သို့ပင် ပက်သည် ၂၀၂၁ ခုနှစ် မြောက်ကိုးရီးယားနိုင်ငံ၏ ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးမူဝါဒကို ကိုင်တွယ်ဖြေရှင်းရေးတွင် ကင်က တခြားအရာရှိများဖြုတ်ချခဲ့သကဲ့သို့ ရာထူးမှ ခေတ္တရပ်ဆိုင်းခြင်းခံခဲ့ရသည်။

တိုးတက်မှုကို လုပ်ဆောင်ရာတွင် အမှားအယွင်းအချို့ကို ထောက်ပြပြီး လက်နက်ပြောင်းလဲတပ်ဆင်မှုအတွက် စစ်ဘက်အရာရှိများအား အစည်းအဝေးအတွင် ကင်က ချီးမွှမ်းနေစဉ် ပက်အားရာထူးမှ ထုတ်ပယ်သည့် ကိစ္စဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆိုးလ်မြို့တွင်ရှိသည့် the Korea Institute for National Unificationမှ အိုဂွန်ဆပ်က မကြာသေးမီက မြောက်ကိုးရီးယားသို့ ဝင်ရောက်ခဲ့သည့် တောင်ကိုးရီးယား ဒရုန်းကိစ္စကလည်း ထိုရာထူးအပြောင်းအလဲအတွက် အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံမှ အရာရှိများက သူတို့အနေဖြင့် နိုင်ငံနယ်နိမိတ်ကို ကျော်၍ မြောက်ကိုးရီးယားထဲသို့ ဒရုန်း ၃ စီးတောင် စေလွှတ်ခဲ့သော်လည်း မြောက်ကိုးရီးယားအနေဖြင့် ပြန်လည်တုန့်ပြန်ခဲ့ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု အိုဂွန်ဆပ်က ပြောသည်။

လုံခြုံရေးတာဝန် ပျက်ကွက်မှုနှင့် ပတ်သက်ပြီးတော့ ပက်က တာဝန်ယူကောင်းယူနိုင်တယ် ဟု ၎င်းက ပြောသည်။

ပက်နေရာတွင် အစားထိုးလိုက်သည့် ရီသ်သည်လည်း တပ်မတော်၏ အထွေထွေ ဝန်ထမ်းအရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် ကြိုးကိုင်နေရသည့် စစ်တပ်အရာရှိတစ်ဦးဖြစ်သည်။

( CNNသတင်းဌာနမှ North Korea fires Kims No. 2 military official သတင်းကို ABN မှ သူရမောင် ဘာသာပြန်သည်)

ကင်ဂျုံအွန်၏ နံပါတ် ၂ စစ်ဘက်အရာရှိကို ရာထူးမှ ရပ်ဆိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်