
AB News – ဩဂုတ် ၁၊ ၂၀၂၅
ULA/AA ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲကို တနင်္လာနေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခင်အကြိမ်များအတိုင်း ရက္ခိုင်ဘာသာစကားဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နိုင်ရန်အတွက် ဖော်ပြပါ လင့်ခ် (https://forms.gle/9FkNHENUvZ9R1sMp9) မှတစ်ဆင့် ယခင် အကြိမ်များနည်းတူ စာရင်းသွင်းရန်လိုအပ်ကြောင်း ULA/AA ကဆိုသည်။
သတင်းထောက်များအနေဖြင့် မေးမြန်းလိုသော မေးခွန်းများကို ဩဂုတ်လ (၅) ရက်၊ အင်္ဂါနေ့ကို နောက်ဆုံးထား၍ အီးမေးလ်လိပ်စာ press.ula.aa@protonmail.com မှတစ်ဆင့် ပေးပို့ကာ မေးမြန်းထားနိုင်ကြောင်း ULA/ AA ကထုတ်ပြန်ထားသည်။
သတင်းထောက်တစ်ဦးအား မေးခွန်း (၂) ခုသာ လက်ခံသွားမည်ဖြစ်ပြီး ထပ်ဆင့်မေးခွန်းတစ်ခုကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။