သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ULA /AA ၏ ရက္ခိတလမ်းစဥ်သည် လေးစားအတုယူရသော လမ်းစဥ်တရပ်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် ပြော

AB News – ဧပြီ ၁၀၊ ၂၀၂၅

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရက္ခိတလမ်းစဥ်သည် လေးစားအတုယူရသော လမ်းစဥ်တရပ်ဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၁၆ နှစ်ပြည့် အာရက္ခတပ်တော်သို့ ပေးပို့သော ကျောင်းသားလက်ရုံးတပ်တော်(SAF) ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဂုဏ်ပြုသဝဏ်လွှာတွင် ULA/AA ၏ ရက္ခိတလမ်းစဥ်သည် အာရက္ခပြည်ရှိ အဖိနှိပ်ခံလူထု ၊ လူတန်းစားအားလုံးကို ကာကွယ်စောင့်ရှောက်မှုပြုကာ သမမျှတသည့် လူ့အဖွဲ့စည်းတရပ် ဖော်ဆော်နိုင်ရေးကို ဦးတည်သည့် လူသားအခြေပြုမူဝါဒအဖြစ် နိုင်ငံတကာအပါအဝင် လူထုလူတန်းစားအသီးသီးမှ လေးစားအားကျ အတုယူရသော လမ်းစဥ်တရပ် ဖြစ်သည်အထိ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း (SAF) က ဆုတောင်းစကားပြောဆိုထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နှင့် အာရက္ခတပ်တော် (ULA/AA) ၏ မဆုတ်မနစ် ကြိုးပမ်းတိုက်ပွဲဝင်နိုင်ခြင်း ၊ မဟာဗျူဟာမြောက် တိုက်ပွဲဖော်ဆောင်နိုင်ခြင်း၊ ခိုင်မာသော နိုင်ငံရေးလမ်းစဥ် တိကျစွာရှိခြင်း ၊ စည်းရုံးရေး တက်ကြွကောင်းမွန်ခြင်းနှင့် နိုင်ငံရေးတစုံလုံးကို သိရှိနားလည်ခြင်းတို့ကြောင့် ရည်မှန်းချက်များ အောင်မြင်ရခြင်းဖြစ်ကြောင်း SAF က ဆိုသည်။

ရက္ခိုင့်တော်လှန်ရေးအဆက်ဆက်နှင့် အာရက္ခတပ်တော်၏ ၁၆ နှစ်တာ ခရီးရှည်အတွင်း အသက်၊ ခန္ဓာ စွန့်လွှတ်ခဲ့ကြသော ရက္ခိုင့်အာဇာနည်အပေါင်းကိုလည်း SAF မှ လေးနက်တည်ကြည်စွာ အလေးပြု အပ်ကြောင်း လည်းပြောဆိုထားသည်။

ကျောင်းသားလက်ရုံးတပ်တော် (SAF) အနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/ AA) နှင့် ရှိရင်းစွဲ မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်သန်လျက် လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်တရပ် ထူထောင်နိုင်သည်အထိ လက်တွဲမဖြုတ်ဘဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ