Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ULA/AA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အချက် ၈ ချက်ပါသည့် ထုတ်ပြန်ချက် ထုတ်ပြန်

အဆိုပါအချက် ၈ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေနိုင်သော အကြမ်းဖက် လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်အခါတွင်မျှ အားမပေးဘဲ တားဆီးကာ တိုက်ဖျက်ချေမှုန်းသွားပါမည်။

၂။ ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များနှင့်ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီထိန်းသိမ်းပြီး စစ်ဆေးကာ နည်းမှန်လမ်းမှန်အရေး ယူသွားမည်။

၃။ နိုင်ငံတကာမှလာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်။

၄။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်းစသည့် ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်။

၅။ အကြမ်းဖက်လုပ်ရပ်အားကျူးလွန်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများအား အကာအကွယ်ပေးနေသူများကို ဖြိုခွင်းတိုက်ဖျက်အရေးယူသွားပါမည်။

၆။ လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ လုပ်အားခိုင်းစသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားပါမည်။

၇။ အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သောသူများကိုတွေ့ရှိပါက မိမိတို့ထံ အချိန်မီ သတင်းပို့ကြပါရန် မေတ္တာရပ်ခံပါသည်။

၈။ မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အားပေးထောက်ခံကြသော သူများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျူးလွန်သည့် လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများတွင် အတူတကွ တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြပါရန် မိမိတို့ ညီနောင်မဟာမိတ်(၃)က အထူး တိုက်တွန်းအပ်ပါသည်။

တို့ဖြစ်သည်။

ABN-ဇူလိုင် ၃ ရက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ