Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
TNLA စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြဌာန်း

TNLA စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြဌာန်း

AB News – ဖေဖော်ဝါရီ ၅၊ ၂၀၂၄

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က စစ်မှုထမ်းဥပဒေကို ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက် ညနေအချိန်တွင် တရားဝင် ထုတ်ပြန် ပြဌာန်လိုက်သည်။

အသက် ၁၆ နှစ်ပြည့်သည့် ကျန်းမာရေးကောင်းမွန်သော တအာင်းလူမျိုးတိုင်း စစ်မှုထမ်းဆောင်နိုင်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ညီအစ်ကို အမျိုးသား ၂ ဦးအထက်ရှိပါက ၁ ဦးသည် မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည်ဟု ဆိုထားသည်။

ထို့အပြင် တအာင်းလူမျိုး မဟုတ်သည့် သူများအနေဖြင့် TNLA ၏ နိုင်ငံရေးနှင့် စစ်ရေး ရပ်တည်ချက်များကို နှစ်သက်ပါက စစ်မှုထမ်းဆောင်နိုင်သည်ဟု ဆိုသည်။

စစ်မှုထမ်းမည့်သူများတွင် B ပိုး၊ C ပိုးတွေ့ရှိပါက စစ်မှုထမ်းဆောင်နိုင်မည် မဟုတ်ဘဲ အခြားရောဂါရှိသူများ အနေဖြင့် စစ်မှုထမ်းဆောင်နိုင်ကြောင်း ဖော်ပြထားသည်။

တအာင်းလူမျိုးတိုင်း ညီအစ်ကို ၂ ဦးရှိပါက တစ်ဦးသည် သာသနာ့ဘောင်တွင် နေထိုင်လျှင် ကျန် ၁ဦးသည်ကျန်းမာရေးချို့ယွင်းနေပါက စစ်မှုထမ်းရာမှ ကင်းလွတ်သည်ဟု ဆိုသည်။

အမျိုးသမီး မောင်နှမ ၃ ဦးအထက်ရှိလျှင် တစ်ဦးသည် TNLA တွင် စစ်မှုထမ်းရမည်ဖြစ်ပြီး မောင်နှမများတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ရှိပါက  တစ်ဦးသည် အရပ်ဖက် အဖွဲ့အစည်းထဲ ဗဟိုကော်မတီဝင်ဖြစ်ပါက စစ်မှုထမ်းရာမှ ကင်းလွတ်ခွင့်ရသည်။

အရပ်ဖက် အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင် မဟုတ်သူများ အနေဖြင့် TNLA က သီးခြားပြန်လည်စီစစ်ပြီးမှ စစ်မှုထမ်းရန် လိုမလိုဆိုသည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ စစ်ဆင်ရေအတွင်း TNLA က ၎င်းတို့ပြည်နယ်အေရိယာကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် ထုတ်ပြန်ပြဌာန်းလိုက်ခြင်းဖြစ်သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ