Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
TNLA က စစ်ကောင်စီ မိုင်းပါးတပ်စခန်း ကို အမြစ်ပြတ်ရှင်းလင်း ရပြီ ဟု ညီနောင်မဟာမိတ် သုံးဖွဲ့ထုတ်ပြန်

AB News – ဟိန်းထွန်း

အောက်တိုဘာ ၃၁ ရက်

အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့တွင် ပူးပေါင်းတိုက်ပွဲဝင်မဟာမိတ် ၃ ဖွဲ့ထဲမှ တအောင်း TNLA တပ်မတော်က စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့ပြီဟု 3 Brotherhood Alliance က ထုတ်ပြန်လိုက်သည်။

မိုင်းပါးတပ်စခန်းသည် တအာင်းပြည်နယ်၊ တပ်မဟာ (၄) စစ်ဒေသ၊ လားရှိုးနှင့် သိန္နီမြို့နယ်ကြားတွင်တည်ရှိပြီး TNLA က ယနေ့နံနက်ပိုင်း ၄ နာရီအချိန်က ဝင်ရောက်တိုက်ခိုက်ပြီး ရှင်းလင်းနိုင်ခဲ့ကြောင်း တွေ့ရသည်။

ကိုးကန့် MNDAA ၊ တအောင်း TNLA ၊ ရက္ခိုင် AA တို့အပါအဝင် တစ်ခြားပူးပေါင်း မဟာမိတ်အဖွဲ့များက ယမန်နေ့ ည(၆) နာရီပတ်ဝန်းကျင်တွင်လည်း ဖောင်ဆိုင်မြို့ကို အပြီးပိုင်သိမ်းပိုင်နိုင်ခဲ့၍ ထိန်းချုပ်ထားကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

Operation ၁၀၂၇ စစ်ဆင်ရေး အောက်တိုဘာလ ၂၇ ရက်နေ့မှ ၅ ရက်မြောက်တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တပ်သားအများအပြား ကျဆုံးခဲ့ရသည့်အပြင်၊ စစ်သုံ့ပန်းများ ဖမ်းဆီးရမိပြီး စစ်စခန်းပေါင်း ၈၀ ကျော်လက်လွှတ်ဆုံးရှူံးခဲ့ရကြောင်း သိရသည်။

ရှမ်းမြောက်ဒေသရှိ သိန္ဒီမြို့၊ချင်းရွှေဟော်မြို့ ဖောင်းဆိုင်မြို့များအား ညီနောင်မဟာမိတ် ၃ ဖွဲ့တို ထိန်းချုပ်ထားကြောင်း သတင်းရင်းမြစ်များကပြောသည်။

လက်ရှိတွင်လည်း ၂ ဖက်တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီစခန်းများအား ထိုးစစ်ဆင်နေကြောင်း ​သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ