
ABN-ထက်မြတ်ခင်
စက်တင်ဘာ ၂၆ရက်
ရှမ်းပြည်မြောက်ပိုင်း မူယ်ဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင်ရှိသည့် TNLA တပ်စခန်းများကို စစ်ကောင်စီတပ်က ညအချိန် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီဝန်းကျင်မှာ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အနီးတွင်ရှိသည့် TNLA တပ်စခန်း တပ်မဟာ(၁)နယ်မြေထဲမှ TNLA တပ်စခန်းကို ဂျက်လေယာဥ် ၂ စီးဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် TNLA တပ်စခန်းဖြစ်သည့် ကွတ်ခိုင်မြို့နယ် လင်းလုံကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအပြီး ညပိုင်းတွင် စစ်ကောင်စီတပ်က TNLA တပ်စခန်းများကို ဂျက်လေယာဥ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်မှ စက်တင်ဘာ ၂၅အထိ စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု TNLA ၏ထုတ်ပြန်ချက်အရ သိရသည်။