Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
PSLF/TNLA တအောင်းအမျိုးသားတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ကွယ်လွန်

PSLF/TNLA တအောင်းအမျိုးသားတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ကွယ်လွန်

ABN -ရာဟု

ရှမ်းပြည်နယ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၏ ဗဟိုကော်မတီဝင်နှင့် ဒုတိယစစ်ဦးစီးချုပ်တာဝန်များကို ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီး တားအလှော်(ခ)တားမူစယ် အသက် ၆၄နှစ်သည်ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက်၃နာရီအချိန်တွင် ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန်သွားကြောင်း TNLA၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်(ခ) တားမူစယ်သည် တအာင်းအမျိုးသား‌လွတ်မြောက်ရေးအတွက် တော်လှန်ရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေစဥ်အတွင်း ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်း၏ရုပ်ကလပ်ကို ယနေ့ဖေဖော်ဝါရီလ၂၂ရက်နေ့တွင် ဇာပနအခမ်းအနားပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ