ကရင်နီပြည်နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ဒီဇင်ဘာ၃၁ရက်အထိ ကရင်နီပြည်သူ့အင်အားစုလက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲပေါင်း ရာချီရှိခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှလည်း သေဆုံးသူဦးရေ ထောင်ချီရှိခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့က PKPFက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်နှင့် တိုးတက်သော ကရင်နီပြည်သူ့အင်အားစုတို့၏ ၂ နှစ်တာ တိုက်ပွဲကာလအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၅၅၄ ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ်အထိရှိခဲ့ကာ စစ်ကောင်စီတပ်သား ၁၆၉၂ဦး သေဆုံးပြီး စစ်ယာဥ် ၅၈ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း ဘာသာရေးအဆောက်အအုံ၂၇ခု၊ အများပြည်သူနေအိမ် ၁၃၀၉ အိမ် ၊အရပ်သားပြည်သူ ၂၉၃ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၁၁၆ဦးမှာ စစ်ပွဲကြောင့်စစ်ဘေးရှောင်နေစဥ် အတွင်းသေးဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ပါရှိသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်ပွဲများအတွင်း ကျေးရွာများမှပြည်သူ၂၇၈ဦးကို မတရားဖမ်းဆီးခဲ့သည်ဟုလည်းသိရှိရသည်။
KNDF/PDF,KA ဘက်မှ တိုက်ပွဲအတွင်း ကျဆုံးသူ ၂၁၁ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီမှ တစ်နိုင်ငံလုံးတွင် အပစ်အခတ်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ထုတ်ပြန်ထားသည်။



