Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၃၀) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၃၀) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ ည (၁၁:၃၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ရပ်တန့်သွားခြင်းမရှိဘဲ ဟန်ချက်ညီစစ်ဆင်ရေးများကို တစ်ရက်ပြီး တစ်ရက် ဆင်နွှဲလျက်ရှိသည်။

စစ်ဆင်ရေး တစ်လပြည့်ခါနီးတွင် ထိုက်သင့်သောအောင်မြင်မှုများနှင့်အတူ ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် မိမိတို့အနေဖြင့်လည်း စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဖြစ်သည်။

စစ်ဆင်ရေး (၁) လတာကာလအတွင်း ကိုးကန့်အထူးဒေသ (၁) သည် ကိုးကန့်လူမျိုးတို့ လက်ထဲရောက်ရှိရန် လက်တစ်လှမ်း အလိုသို့ ရောက်ရှိနေပြီး ကိုးကန့်လူမျိုးတို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် ” လောက်ကိုင်မြို့သိမ်း” တိုက်ပွဲသည်လည်း မကြာမီ လာတော့မည်ဖြစ်သည်။

စစ်ဆင်ရေး (၃၀) ရက်မြောက်နေ့တွင်လည်း မိမိတို့သည် ရန်သူ၏ စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်းနေပြီး အရပ်သားပြည်သူများကို လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်နေသော ရန်သူ့စစ်စခန်းအချို့ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ချအညံ့ခံလာသော ရန်သူတပ်ဖွဲ့ဝင်များအား လည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ပေးလျက်ရှိသည်။

(၁)၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်ခန့်တွင် “ကျင်းစန်းကြော့” နယ်စပ်ဂိတ်အား ညီနောင် မဟာမိတ် (၃) ဖွဲ့မှ အပြီးသတ်သိမ်းပိုက်ခဲ့သည်။

(၂) ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့သော နန့်စလပ်ဒေသရှိ ရန်သူ့တပ်ရင်းကြီး (၅၆၇) ၊ (၅၆၈) တပ်စခန်း (၂) ခုအား စစ်ဆင်ရေး (၆) ရက်ကြာပြီးနောက် မိမိတို့ တပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများစွာဖြင့် ယမန်နေ့က အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲ့ဝင် (၁၆) ဦးအား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃၁) ဦးအား ဖမ်းဆီးရခဲ့သည်။ သံချပ်ကာ (၁) စီး၊ ဟောင်ဝစ်ဇာ (၂) လက်နှင့် လက်နက်ခဲယမ်းအများအပြားကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။ မိမိတို့အနေဖြင့် နန့်စလပ်ဒေသ အတွင်းရှိ ရန်သူ့စခန်းအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ဒေသတစ်ခုလုံးအား ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

(၃) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နေ့လယ် (၁:၂၅) အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုး မြို့နယ်၊ ဟိုပင်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၄) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် တအာင်းတပ်မတော် (TNLA) မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းသစ်ကုန်းဘက်သို့ စစ်ကောင်စီ၏ Y12 တိုက်ခိုက်ရေးယာဉ် (၂) ကြိမ် လာရောက်ကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၇၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများ လာချခဲ့သည်။

(၅)၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၈:၂၀) အချိန်ခန့်တွင် ရက္ခိုင့်တပ်တော် (AA) သည် ရက္ခိုင်ပြည်၊ မောင်တော မြို့နယ်၊ ကိုင်းကြီးစခန်းအနီး၌ စစ်ကောင်စီ၏ နခခ (၄) လက်အောက်ခံတပ်ဖွဲ့အား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတစ်ချို့လည်း ရှိခဲ့သည်။

(၆) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နေ့လယ် (၂:၃၀) အချိန်ခန့်မှစ၍ ညနေပိုင်းအထိ ပလက်ဝဒေသတစ်လျှောက်အား ရန်သူသည် ဂျက်လေယာဉ်ဖြင့် (၅) ကြိမ်တိုင်တိုင် ရမ်းသန်းပစ်ခတ်ခဲ့သည်။

(၇) ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “တရွန်အိုင်” ဗျူဟာ နှင့် “နှုံဘူး” ဗျူဟာနှစ်ခုကိုလည်း စစ်ဆင်ရေး (၁၂) မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်နေပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများပြင်းထန်လျက် ရှိသည်။ ရန်သူသည် ဂျက်တိုက်လေယာဉ်ဖြင့် (၅) ကြိမ်တိုင် နံနက်(၃) နာရီ(၃၀) မိနစ်မှ စတင်ပြီး လာရောက်တိုက်ခိုက်ခဲ့သည်။

(၈) ရက္ခိုင်ပြည်၊ ပေါက်တောမြို့အတွင်း ဓားစာခံကယ်တင်ရေးတိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။ မိမိတို့ ရက္ခိုင့်တပ်တော် အနေဖြင့် ကျန်ရှိနေသေးသော ပိတ်မိနေသည့် ဒေသခံပေါက်တောမြို့သူမြို့သားများအား ဆက်လက်ကယ်တင်ရန် ကြိုးစား လျက်ရှိသည်။

(၉) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ မွန်းတည့် (၁၂) နာရီဝန်းကျင်တွင် ရက္ခိုင်ပြည်၊ ပေါက်တောမြစ်ထဲရှိ စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ လက်နက်ကြီးဖြင့် တမင်တကာ ပစ်ခတ်ခဲ့သဖြင့် ပေါက်တောမြို့မဈေးကြီး အပါအဝင် နေရာ (၂) ခုမှာ မီးလောင်ပျက်စီးခဲ့ရသည်။ ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မဈေးကြီး မီးလောင်ပြာကျခဲ့ရပြီး ဖြစ်သည်။

မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ