Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Operation ၁၀၂၇ စစ်ဆင်ရေး တစ်ပတ်တာအတွင်း စစ်ကောင်စီ တပ်စခန်း ၉၂ ခုနှင့် သံချပ်ကာကား ၆ စီးတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

Operation ၁၀၂၇ စစ်ဆင်ရေး တစ်ပတ်တာအတွင်း စစ်ကောင်စီ တပ်စခန်း ၉၂ ခုနှင့် သံချပ်ကာကား ၆ စီးတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

AB News – နိုဝင်ဘာ ၂ ရက်

စစ်ကောင်စီတပ်အား အမြစ်ပြတ်ချေမှုန်းနေသည့် Operation ၁၀၂၇ စစ်ဆင်ရေး တစ်ပတ်တာအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၉၂ ခုနှင့် သံချပ်ကာစစ်ကား ၆ စီးကို သိမ်းပိုက်ရရှိခဲ့ကြောင်း ညီနောင် ၃ ဖွဲ့ကထုတ်ပြန်သည်။

Operation ၁၀၂၇ စစ်ဆင်ရေးကြေညာပြီး တိုက်ပွဲဝင်နေ့မှ ယနေ့ ၇ရက်မြောက်နေ့ထိ စစ်ကောင်စီ၏ သံချပ်ကာစစ်ကား ၆ စီးကိုရရှိခဲ့ပြီး စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိကာ အလင်းဝင်ရောက်လာသူများစွာရှိကြောင်း သိရသည်။

အောက်တိုဘာ( ၂၉) ရက်နေ့တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ WMA-301 လက်နက်ကြီးတပ်ဆင် ထားသော သံချပ်ကာ ကား(၁)စီး ကိုသိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် ဖောင်းဆိုင် နှင့် လုံးဖိုင်ဒေသတွင် သံချပ်ကာ ကား(၂)စီး ကိုဖျက်ဆီးနိုင်ခဲ့သည်။ ချင်းရွှေဟော် မာကျ တိပေါက်ပေါက်တောင်ကုန်း(ရာဘာကုန်း)တွင်လည်း သံချပ်ကာ ကား(၂) စီးကိုဖျက်ဆီး သိမ်းဆည်းနိုင်ခဲ့သည်။ သံချပ်ကာ စုစုပေါင်း (၅)စီး သိမ်းဆည်းရရှိခဲ့သည့် အပြင် စစ်ကောင်စီတပ်ဖွဲ့ မှ သံချပ်ကာတပ်ရင်း(၇၄)မှ ဒုတပ်ရင်းမှူးနှင့် တပ်စုမှူး နှစ်ဦးကိုလည်း ဖမ်းဆီးရမိကြောင်း တွေ့ရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ညီနောင်မဟာမိတ်အဖွဲ့တို့ မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသအတွင်း မြေပြင်ရှင်းလင်း‌ရေးလုပ်ဆောင်နေစဥ်တွင် သံချပ်ကာ (၁) စီးကို ထပ်မံရရှိခဲ့သည်။ လက်ရှိအချိန်အထိ သံချပ်ကာယာဉ် ၆ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့မှစတင်၍ ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ထိ ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ညီနောင် ၃ဖွဲ့ထံသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီလက်အောက်ခံတပ်သား ၁၀၀ ကျော်ကို ၎င်းတို့နေရပ်ပြန်နိုင်ရန် လူတစ်ဦးချင်းစီကိုမြန်မာငွေကျပ် ၁၅ သိန်းစီပေး၍ ပြန်ပို့နေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ သိန္နီနှင့် ကွမ်းလုံမြို့များတွင် စစ်ရှိန်မြင့်တက်လျက်ရှိနေပြီး နောက်ဆက်တွဲတိုက်ပွဲ သတင်းများအား အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားမည်​ဟုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ