
ABN-ရှိုင်းမိုး
အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG ၊ PDF များ နှင့် ကူညီထောက်ပံ့ပေးနေသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားပွဲ၌ မိန့်ခွန်းပြေားကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
” NUGနှင့် PDF အကြမ်းဖက် အဖွဲ့အစည်းကို ထောက်ပံတဲ့သူတွေ၊ ကူညီတဲ့သူတွေကို ကျွန်တော်အရေးယူသွားမယ်” ဟု ပြောခဲ့သည်။
ထို့အပြင် NUG ၊ PDF များအား ကူညီပံ့ပိုးပေးနေသည့် EAO တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကိုလည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ မိန့်ခွန်း၌ ထည့်သွင်းပြောခဲ့သည်။
ရွေးကောက်ပွဲလုပ်နိုင်ခဲ့ပြီး အနိုင်ရ ပါတီကိုလည်း အာဏာလွှဲ ပေးမည် ဖြစ်ကြောင်းလည်း ထပ်မံ ပြောဆိုသွားသည်။
ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ပြုလုပ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ နိုင်ငံရေးပါတီတချို့ နှင့် ရုရှားအပါအဝင် အချို့ စစ်သံရုံး မှ စစ်သံမှူး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။





