သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
MNDAA တပ်များ လားရှိုးမှ မဆုတ်ခွာကြရန် မြို့ခံများ ဆန္ဒပြတောင်းဆို

AB News-မတ် ၂၂၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့မှ MNDAA ကိုးကန့်တပ်ဖွဲ့များ မဆုတ်ခွာရန် လာရှိုးမြို့ခံများသည် ပြည်တွင်းရေးကို ခြယ်လှယ်နေသည့် တရုတ်နိုင်ငံကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ ညပိုင်းက လားရှိုးမြို့ အဝင်မုခ်ဦး၊ လွတ်လပ်ရေးပန်းခြံ နှင့် မြို့၏ လူစည်ကားသော နေရာ ၁၀ခု ကျော်တွင် စစ်ခေါင်းဆောင်ကို ဆန့်ကျင်သည့် စာသားများ၊ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံကို ဆန့်ကျင်သည့် စာသားများ ပါဝင်သော စာရွက်များကို ကပ်၍ ဆန္ဒပြလှုပ်ရှားခဲ့သည်ဟု သိရသည်။

ယနေ့ မတ်လ ၂၂ရက်နေ့တွင် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် အပစ်ရပ်ထားသည့် စစ်ကောင်စီနှင့် MNDAA တို့ ကြား ထပ်မံတွေ့ဆုံရန် ရှိနေသည့်အချိန် လာရှိုးမှ MNDAA တပ်များ ပြန်လည်ဆုတ်ခွာမသွားကြရန် မြို့ခံတချို့၏ တောင်းဆိုသည့် လှုပ်ရှားမှုများကို သိရှိပြီးနောက် MNDAA တပ်မှ ပြည်သူ့ဆန္ဒအား စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်