Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNU အုပ်ချုပ်နယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် စပါးခင်းများ ပျက်စီးခဲ့ပြီး ပြည်သူများမှာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေ

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၁၇ရက်

KNUအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို(ကျောက်ကြီး) မြို့နယ် အတွင်း၌ ၂၀၂၃ခုနှစ် ဩဂုတ်လမှစ၍ အောက်တိုဘာလ ၁၇ရက်နေ့အထိ ရေကြီး ရေလျှံ မှုများကြောင့် မြေပြန့်ဒေသများရှိ ကျေးရွာများ၏ လယ်ကွင်းအများစု ရေနစ်မြုပ်ခဲ့ကြရပြီး ဒေသခံများ စိုက်ပျိုးထားသည့် မြောက်များစွာသော စပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယနေ့ အောက်တိုဘာလ ၁၇ရက်နေ့တွင် KNUက ထုတ်ပြန်ထားသည်။

ရေကြီးရေလျှံမှုကြောင့် ရေနစ်မြှုပ်ခဲ့ကြသော ကျေးရွာများနှင့် လယ်ကွင်းများအနက် ပျက်စီးဆုံးရှုံးမှုများသော ကျေးရွာစုစုပေါင်း (၁၈)ရွာရှိပြီး လူဦးရေ စုစုပေါင်း (၄၈၇၆)ဦးမှာ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိနေသည်။

၎င်းကျေးရွာများမှ လယ်ဧကပေါင်း (၇၂၉၂.၄၉)ဧက ရေနစ်မြုပ်ခဲ့ရပြီး ၎င်းတို့အနက် (၃၀၀၆.၇၈)ဧက မှာ ပျက်စီးဆုံးရှုံးသွားခဲ့ကြရသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရေကြီးရေလျှံ မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများသော ကျေးရွာပေါင်း (၁၈)ရွာမှာ သူးကဘီး၊ နိုဂေါ်၊ ပဲသောင်၊ လိန်ပင်ဝဲ၊ ဒလဆိပ်၊ သစ်ဖရောင်းတန်း၊ ကျွန်းကြီး၊ လှေတန်း၊ ထိုးဝါးစိုက်၊ ကျီးပင်စု၊ ဝက်လာတော၊ နတ်သံကွင်း၊ ဟီဖိုးဒဲ၊ ပါတလာ၊ စဖျင်ကြီး၊ မမယမ်း၊ ထိုက်ထူ၊ တောခို ကျေးရွာများဖြစ်သည်။

ထို့အပြင် ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ရင်ဆိုင်ရပြီး စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန်နှင့် ကျန်းမာရေးကုသမှုခံယူရန် အခက်အခဲများဖြင့်လည်း ရင်ဆိုင်ကြုံတွေ့ နေကြရသည်။

အများအားဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများမှာ ကလေးလူကြီးမရွေး မျက်စိနာခြင်းအပြင် မြောက်များစွာသော သက်ကြီးရွယ်အိုများမှာ သွေးတိုး ရောဂါများ ဖြစ်ပွားလျှက် ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။