ABN-သူရမောင်
ကရင်ပြည်နယ်၊ KNU နယ်မြေတွင် ရွှေတွင်း လုပ်ကွက်များကို စစ်ကောင်စီမှ တိုက်လေယာဥ်များဖြင့် ဗုံးကြဲချခဲ့သည့်တွက်ကြောင့် ဒေသခံ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အလုပ်သမား ၅၀ ဝန်းကျင်လောက် သေဆုံးနိုင်ခြေရှိသည် ဟု သိရသည်။
KNU တပ်မဟာ နယ်မြေအတွင်း ဇန်နဝါရီ ၇ ရက် နေ့ ၁၀ နာရီ ခန့်မှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဝင်ရောက်ပစ်ခတ်ပြီး ဗုံးကြဲခဲ့မူကြောင့် ပြည်သူ့ဆေးရုံးအပါအဝင် အဆောက်အဦး ၇ လုံး ပျက်စီးခဲ့ပြီး နံနက် ၁၀ နာရီခွဲချိန်တွင် စစ်ကောင်စီတပ်မှ ဒွဲ့လိုးမြို့နယ်၊ မဲ့သူအုပ်စု အပြင် ယာယီထော့ရွာအတွင်းသို့ လေယာဥ်ဖြင့် ဗုံး ၄ လုံချခဲ့သည့်အတွက်ကြောင့် စုစုပေါင်း ရွာသား ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
လက်ရှိမှာ စစ်တပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကျဲချခဲ့သည့် နေရာများတွင် အထိအခိုက်နှင့် သေဆုံးမှု၏ အချက်လက်များကို အတိအကျ မသိရှိနိုင်သည့်တွက်ကြောင့် ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ရွှေတွင်းလုပ်သား ၄၅ ဦး နှင့် ၅၀ ခန့်လောက် သေဆုံးနိုင်ဖွယ်ရှိနိုင်သည် ဟု သိရသည်။




