Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို မဟာမိတ်များပူးပေါင်းသိမ်းပိုက်

KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို မဟာမိတ်များပူးပေါင်းသိမ်းပိုက်

ABN -နွယ်စိုး

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့ ပူးတွဲစခန်းချနေထိုင်သည့် တပ်စခန်းတခုကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆နာရီတွင် မဟာမိတ်တပ်ဖွဲ့များမှဝင်ရောက် တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့ လွတ်မြောက်ရေးတပ် (BPLA) မှ သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အဆိုပါ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် Force for Federal Democracy (FFD) စသည့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပူးပေါင်း ကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုစခန်းကို မိနစ် ၃ဝ ခန့် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၁ လောင်း၊ လက်နက် ၂ လက် နှင့် ဆက်စပ်ပစ္စည်းများ ရရှိခဲ့ကြောင်း BPLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ