
ABN-ထက်မြတ်ခင်
စက်တင်ဘာ ၇ရက်
စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကျည်းကြောင့် KNUညောင်းလေးပင်ခရိုင်မှ အရပ်သား ၄ဦးသေဆုံးပြီး ၁၆ဦး ဒဏ်ရာရရှိကြောင်း KNU ထုတ်ပြန်သတင်းများအရ သိရသည်။
စက်တင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တို့တွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၈၃ နှစ်အရွယ် အ ဘွားအိုတစ်ဦးတို့အပါအဝင် အရပ်သား ၁၆ ဦး လက်နက်ကြီး ကျည်ထိ ဒဏ်ရာရခဲ့ပြီး နောက်ထပ် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သည့် သစ်ချဆိပ်ကို တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှာ ဒေသခံပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများပြုခြင်းလုပ်လာခြင်းကြောင့် အရပ်သား ထိခိုက်မှု များလာနေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ လေယာဥ်ပစ်ကူနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် KNU ညောင်လေးပင်ခရိုင်အတွင်း ဒေသခံပြည်သူ ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများလည်း လိုအပ်နေသည်ဟု သိရသည်။
ထို့အပြင် ထိုဒေသတွင်စာသင်ကျောင်းများကိုလည်းရာယီပိတ်ထားရသည်ဟုသိရသည်။